တောမကျေးရွာအုပ်စု
တောမကျေးရွာအုပ်စု မှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တွင်တည်ရှိသည်။ မိတ္ထီလာမြို့၏ အရှေ့ ၄.၇ကီလိုမီတာ အကွာတွင် တည်ရှိသည်။ အုပ်ချုပ်ရေးတောမရွာမှာ အုပ်စုရွာတစ်ရွာဖြစ်သည်။
တောမရွာ၏ လက်အောက်တွင် တောမရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာရှိသည်။
လမ်းပန်းဆက်သွယ်ရေးလမ်းပန်းအဆက်အသွယ်ရေးမှာ ကုန်းလမ်းခရီးတစ်ခုသာ ရှိပြီး မိတ္ထီလာ-သာစည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွာတွင်းမှဖြတ်ဖောက်ထားသည်။ သာစည်-မိတ္ထီလာ-မြင်းခြံ ရထားလမ်းသည် ရွာ၏အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး တောမဘူတာ ဟူ၍ ဘူတာတစ်ခုထားရှိထားသည်။ တောမဈေးတောမရွာ၏ အနောက်ဘက်တွင် တည်ရှိပြီး နေ့စဉ်ဈေးဆိုင်ခန်း များဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၅ ရက်လျှင်တစ်ကြိမ် တောမဈေးနေ့ဟူ၍ အထူးရက်တစ်ရက်ရှိပြီး ရွာ၏ ပတ်ဝန်းကျင်မှ ဒေသခြံစိုက်တောင်သူများမှ မိမိတို့၏ သီးနှံများကိုလည်း လာရောက် ရောင်းဝယ်လေ့ရှိသည်။ ပညာရေးတောကျေးရွာ အခြေခံပညာအလယ်တန်းကျာင်းခွဲ တည်ဆောက်ထားပြီး ပညာရေးအတွက် သင်ကြားပေးလျက်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia