မယ်နုအုတ်ကျောင်း![]() မန္တလေးမြို့ တောင်ဘက်၊ အင်းဝမြို့ရှိ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို မယ်နုအုတ်ကျောင်းဟု ခေါ်သည်။ မြန်မာသက္ကရာဇ် ၁၁၈၉-ခုနှစ်တွင် ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နု တို့က ဆောက်လုပ်၍ ညောင်ကန်ဆရာတော် ဦးပိုး အား လှူဒါန်းခဲ့သည်။ ယင်း ဆရာတော် ဦးပိုးသည် ၁၁၉၁-ခုနှစ်၊ သက်တော် ၅၁-နှစ်၊ ဝါတော် ၃၂-နှစ်ဝါတွင် ပျံလွန်တော်မူသည်။ ထို့နောက် ဆရာတော် ဦးပိုး၏ တပည့် ဆရာတော်ဦးဗုဓ်အား တရားစစ်မေးပြီး ကျောင်းတိုက် အပ်နှံသည်။ [၁] မြန်မာသက္ကရာဇ် ၁၂၀၀-ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပြိုပျက်ခဲ့ပြီး ၁၂၃၄-တွင် နန်းမတော်မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က ထပ်မံပြင်ဆင်ခဲ့သည်။ မယ်နုအုတ်ကျောင်းသည် ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂:၅၀ အချိန်တွင် ဖြစ်ပွားခဲ့သော ပြင်းအား ၇.၇ ရစ်ရှ်တာစကေးရှိ ငလျင် လှုပ်ခတ်မှုကြောင့် အုတ်ကျောင်း၏ ၆ပုံ၁ပုံခန့်သည်ပြိုကျ ပျက်စီးသွားခဲ့သော်လည်း မျက်နှာစာမှာ မူလအတိုင်းကျန်ရစ်နေသေးသည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia