မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ
မြန်မာနိုင်ငံ ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသ ၂၁ ခုအဖြစ် ခွဲခြားနိုင်သည်။
တိုင်းဒေသကြီးများမှာ ၂၀၁၀ ဩဂုတ်လတွင် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်ကာ ကယားပြည်နယ်မှာ လူဦးရေအနည်းဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ကုန်းမြေဧရိယာအရ ရှမ်းပြည်နယ်မှာ အကြီးဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာအသေးဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် (၆၁၀၉၀)စ/မိုင် ကျယ်ဝန်းပြီး ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး (၃၆၅၃၅)စ/မိုင် ကျယ်ဝန်းသည်။ ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို ခရိုင်များ အဖြစ်ထပ်မံပိုင်းခြားထားသည်။ ခရိုင်များကို မြို့နယ်များ၊ မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာများအဖြစ် အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထားသည်။ အုပ်ချုပ်ရေးနယ်မြေပိုင်းခြားပုံဇယား
အုပ်ချုပ်ရေးနယ်မြေဒေသများပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းများ![]()
အုပ်ချုပ်ရေးစနစ်![]() ပြည်နယ်များ တိုင်းဒေသကြီးများ ပြည်နယ်များ၊ တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အုပ်ချုပ်ရေးပုံစံကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။[၄] ပြည်နယ်နှင့်တိုင်းဒေသကြီးများပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်များပါဝင်သည့် ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရများက အုပ်ချုပ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်တို့သည် ဥပဒေပြုအာဏာပိုင်များဖြစ်သည်။ နေပြည်တော်ပြည်ထောင်စုနယ်မြေပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ (၅၀) တွင် နေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ သမ္မတ က တိုက်ရိုက်အုပ်ချုပ်ကြောင်း ပြဋ္ဌာန်းထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများစစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်
ရှမ်းပြည်နယ်အတွင်းတွင်
သမိုင်းကြောင်းဗြိတိသျှကိုလိုနီခေတ်၁၉၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ အလားတူ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။ ၁၉၄၀ တွင် မင်းဘူးတိုင်းကို မကွေးတိုင်းအဖြစ် အမည်ပြောင်းခဲ့ပြီး မိတ္ထီလာတိုင်းကို မန္တလေးခရိုင်အောက်သို့ ရွေ့ပြောင်းခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ချင်းတောင်တန်းဒေသကို ရခိုင်ပြည်နယ်မှ ခွဲထုတ်ကာ ချင်းဝိသေသတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားဒေသများကို ပေါင်းကာ ကချင်ပြည်နယ်အဖြစ်သို့လည်းကောင်း၊ အမ်းဟတ်၊ သထုံနှင့် တနင်္သာရီတိုင်းမှ တောင်ငူခရိုင်များကို ကရင်ပြည်နယ်အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကရင်နီပြည်နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်စုမှ ခွဲထုတ်ခဲ့ပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုနှင့် ဝပြည်နယ်များကို ပေါင်းကာ ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းကို ပဲခူးတိုင်းမှ ခွဲထုတ်ခဲ့သည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ မေယုနယ်ခြားခရိုင်ကို စစ်တွေခရိုင်အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို ကျိုင်းတုံခရိုင်၊ ကွမ်းလုံခရိုင်များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို ပူတာအိုခရိုင်အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဟံသာဝတီနှင့် မှော်ဘီခရိုင်တို့ကို ရန်ကုန်တိုင်းလက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဦးနေဝင်းလက်ထက်တွင် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ မြို့တော်ကိုလည်း ဖလမ်းမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မွန်ပြည်နယ်ကို တနင်္သာရီတိုင်းမှ ခွဲထုတ်ခဲ့ပြီး၊ မွန်ပြည်နယ်၏ မြို့တော်အဖြစ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်း၏ မြို့တော်အဖြစ် ထားဝယ်မြို့များအဖြစ် သတ်မှတ်ခဲ့သည်။ ရခိုင်တိုင်းကိုလည်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြစ်ကြီးနားခရိုင်ထဲမှ မိုးညှင်းခရိုင်ကို အသစ်ခွဲထုတ်ဖွဲ့စည်းသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် အမည်ပြောင်းလဲကြောင်း ပြဋ္ဌာန်းထားသည်။[၅] နေပြည်တော်မြို့တော်ပါဝင်သည့် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများကို သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[၅][၆] ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ-
၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း၊ ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာခဲ့သည်။[၁] အခြားကြည့်ရန်
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia