အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ
အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (အတိုကောက်: ကပစ(၁၂)) သည် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စခန်းကြီးကျေးရွာ၊ ပိတောက်ပင်ကျေးရွာတို့၏ တောင်ဘက် ၃ မိုင်ကျော်တွင်တည် ရှိသည်။ စက်ရုံကို ၁၉၉၆ ခုနှစ် ဖွဲ့စည်းပုံအမှတ် ကဖ-၂၆-က-၉၇ ဖြင့် ဖွဲ့စည်းပုံ အင်အား (၁၄၄၅) ဦး လျာထားရာ လက်ရှိအင်အား (၄၀၀) ကျော် ရှိသည်။ ထုတ်လုပ်မှု လုပ်ငန်းများမှာ 120mm, 60mm, 105mm, 81mm ကျည်များ ထုတ်လုပ်သည်။ မြေဧက (၁၆၀၀၀) ကျော်ရှိပြီး အပိုင်း ၂ ပိုင်းခွဲ၍ နိုင်ငံ ၂ နိုင်ငံ၏အကူအညီဖြင့် တည်ဆောက် တပ်ဆင် ထုတ်လုပ်လျက်ရှိသည်။ ပထမပိုင်းကို တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီမှ ကျည်ဆန်ကိုယ်ထည်၊ နောက်မြီး ဒလက်များကို တပ်ဆင် ထုတ်လုပ်ပြီး၊ ဒုတိယအပိုင်းကို ၎င်းကျည်ဆန်များ၏ အတွင်းပိုင်း အစပျိုးယမ်းနှင့် ခွင်းယမ်းများကို ချက်ကိုစလို ဗေးကီးယားနိုင်ငံမှ စက်များဝယ်ယူပြီး ၎င်းနိုင်ငံမှ ပညာရှင်များဖြင့် တည်ဆောက်ခဲ့သည်။[မှတ်စု ၁] ၎င်းကျည်ထုတ်လုပ်သည့်စက်များမှာ ခေတ်မှီ အီလက်ထရွန်နစ်ထိန်း ကိရိယာများ တပ်ဆင် အသုံးပြုထားသဖြင့် ကပစ(၃) ထက်အဆပေါင်းများစွာ ထုတ်လုပ်နိုင်သည်။ မှတ်စုကိုးကား
|
Portal di Ensiklopedia Dunia