အမှတ်(၄)ခြေလျင်တပ်မဟာ [ အတိုကောက် တမဟ (၄) ] သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်)၊ မှော်ဘီမြို့ နှင့် တိုက်ကြီးမြို့ အကြား ဖူးကြီးတွင်တည်ရှိသည့် ခြေလျင်တပ်မဟာ တစ်ခုဖြစ်သည်။ "ခြေလျင်တပ်မဟာ" သည် 'ခြေမြန်တပ်မဌာနချုပ် (သို့) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်' နှင့် 'စစ်ဗျူဟာအဖွဲ့ (သို့) နည်းဗျူဟာအဖွဲ့' ဖွဲ့စည်းပုံနှစ်ခုကြားတွင်ရှိသော အင်အားဖွဲ့စည်းပုံရှိသည့် တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်သည်။ တပ်မများ၊ စကခများနှင့် တပ်မဟာများသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ်မူတည်၍ လိုအပ်သလိုစစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။ လက်ရှိ ၌ အမှတ်(၄)ခြေလျင်တပ်မဟာ တပ်မဟာမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဖြစ်သည်။
သမိုင်း
ဖွဲ့စည်းပုံ
အမှတ်(၄)ခြေလျင်တပ်မဟာ ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာအဖွဲ့များနှင့် ခြေလျင်/ ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
အမှတ်(၁)နည်းဗျူဟာအဖွဲ့
အမှတ်(၂)နည်းဗျူဟာအဖွဲ့
အမှတ်(၃)နည်းဗျူဟာအဖွဲ့
ခြေလျင်/ခြေမြန်တပ်ရင်းများ[၁][၂]
- အမှတ်(၇၀၁)ခြေမြန်တပ်ရင်း - မှော်ဘီမြို့
- အမှတ်(၇၀၂)ခြေမြန်တပ်ရင်း - မှော်ဘီမြို့
- အမှတ်(၇၀၃)ခြေမြန်တပ်ရင်း - မှော်ဘီမြို့
- အမှတ်(၇၀၄)ခြေမြန်တပ်ရင်း - ဖူးကြီး ကျေးရွာ
- အမှတ်(၇၀၅)ခြေမြန်တပ်ရင်း - ဖူးကြီး ကျေးရွာ
- အမှတ်(၇၀၆)ခြေမြန်တပ်ရင်း - ဖူးကြီး ကျေးရွာ
- အမှတ်(၇၀၇)ခြေမြန်တပ်ရင်း - တိုက်ကြီး မြို့
- အမှတ်(၇၀၈)ခြေမြန်တပ်ရင်း - တိုက်ကြီး မြို့
- အမှတ်(၇၀၉)ခြေမြန်တပ်ရင်း - တိုက်ကြီး မြို့
- အမှတ်(၇၁၀)ခြေမြန်တပ်ရင်း - တိုက်ကြီး မြို့
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ[၃]
- ဒုတိယဗိုလ်ချုပ်ကြီးဦးတင်အေး(ငြိမ်း)
- ဗိုလ်မှူးချုပ်ကြည်သိုက်
ကိုးကား
နောက်ထပ်ကြည့်ရန်
- ↑ https://www.bbc.com/burmese/burma/2011/04/110414_shootings709
- ↑ https://mohr.nugmyanmar.org/announcements/%E1%80%99%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%84%E1%80%BA%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/
- ↑ https://burma.irrawaddy.com/news/2022/06/21/252692.html