အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး
အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးချုပ် ထင်ကျော်စိုး ဖြစ်သည်။[၁] တပ်ဖွဲ့သမိုင်းကြောင်းဗမာ့ကာကွယ်ရေး တပ်မတော်ကာလတွင် အမြောက်တပ်ဖွဲ့ ဖွဲ့စည်းရန် အတွက် ကနဦးခြေလှမ်းတစ်ရပ်အနေဖြင့် ၁၉၄၆ ခုနှစ် မေလ တွင် အမှတ် (၁) မြေပြင်ပစ်အမြောက်တပ် No(1) Field Artillery ကို စတင်ဖွဲ့စည်းသည်။ ယင်းကာလသည် လွတ်လပ်ရေးမရမီကာလဖြစ်ပြီး လွတ်လပ်စွာ စီမံပိုင်ခွင့်မရှိသေးခြင်းကြောင့် အဆိုပါ အမှတ် (၁) မြေပြင်ပစ် အမြောက်တပ် အား အမှတ် (၆) ဗမာ့သေနတ် ကိုင်တပ်ရင်းအဖြစ် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ပြောင်းလဲဖွဲ့စည်းခဲ့ရသည်။[၂]ထို့နောက် မြန်မာ့လွတ်လပ်ရေးရပြီး ၁နှစ်ကျော်အကြာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၃ ရက် တွင် အမြောက်တပ်ဖွဲ့ အား တရားဝင် စတင်ဖွဲ့စည်းသည်။[၃] တပ်မတော်အမြောက်တပ်ဖွဲ့ သည် မြန်မာ့တပ်မတော် ၏ အဓိကလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ [၄] စတင်ဖွဲ့စည်းပုံစတင်ဖွဲ့စည်းစဉ် အမြောက်တပ်ဖွဲ့အား ဗိုလ်ကြီးရဲထွန်း ကဦးဆောင်ပြီး စစ်သည် ၆၃ ဦးဖြင့် ဖွဲ့စည်းသည်။ ညွန်ကြားရေးမှူးများ
အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်များ
အမြောက်တပ်ရင်းများ
ကိုးကား
|
Portal di Ensiklopedia Dunia