ကိုးလုံးဒကာဘုရား

ကိုးလုံးဒကာဘုရား

မန္တလေးမြို့ရှိ ထင်ရှားသော စေတီတော် တစ်ဆူဖြစ်သည်။ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက် အကွက်(၂၆၃)၊ ဒေးဝန်းအနောက် ရပ်ကွက်၊ ကိုးလုံးဒကာအရပ်တွင် တည်ရှိသည်။ ဘွဲ့တော်မှာ နိဗ္ဗာန်ဆိပ်ကူး ဖောင်တော်ဦးဘုရား ဖြစ်သည်။ []

၈၉-လမ်းဘေးတွင် ဉာဏ်တော်ပေ ၅၀ ကျော်၍ ရှေးကျသော ဘုရားဖြစ်သည်။ မြောက်ဘက်တွင် ပြည်လုံးအေး စေတီတည်ရှိသည်။ ကိုးလုံးဒကာဘုရားမှာ ကျောက်စာ မတွေ့ရသော်လည်း မန္တလေးမြို့ မတည်မီက ရှိနှင့်သော ဘုရားဟု မှတ်သားရသည်။ ကိုးလုံးဒကာဘုရား ဘွဲ့တော်မှာ ခိုလှုံရာဘုရားဟုလည်း မှတ်သားပြောဆိုကြသလို နိဗ္ဗာန်ဆိပ်ကူး ဖောင်တော်ကူးဘုရား ဟုလည်း မှတ်သားကြသည်။ ဘုရားမုခ် လေးမုခ် အဝင်၌ အချိုးကျလှသော ပန်းတော့လက်ရာ ခြင်္သေ့ရုပ်တုကြီးများ တွေ့ရသည်။ ရပ်ကွက်အခေါ်အဝေါ်မှာလည်း ကိုးလုံးဒကာအရပ်ဟု ခေါ်ကြသည်။ []

ကိုးကား

  1. နေထွတ်၏ မန္တလေးအဘိဓာန်
  2. နတ်မောက်ထွန်းရှိန် - မန္တလေး ရတနာပုံ ဘုရားစုံ၊ ၂၀၁၇၊ ဩဂုတ်လ၊ စာ-၃၆၀
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya