ရွှေမျက်မှန်ဘုရားကြီး
ရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ အလယ် ၊ ကြာနီကန်ရပ်ကွက်၊ရွှေသိမ်ကုန်းတော်၌ကိန်းဝပ်စံပယ်ရာတန်ဆောင်းတော်ကြီးအတွင်းတည်ရှိပြီးဒွတ္တဘောင်မင်းကြီး မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သောရုပ်ပွါးတော်မြတ်ကြီးဖြစ်ပြီးပြည်ထောင်စုမြန်မာနိုင်ငံတွင် မျက်မှန်တပ်ပူဇော်ထားသောတစ်ဆူတည်းသောဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါသည်။ ဘုရားပွဲကို နှစ်စဉ်တပေါင်းလဆန်း (၁၃)ရက်မှ လပြည့်နေ့အထိ (၃)ရက်တိုင် ကျင်းပသည်။[၁] သမိုင်းကြောင်းပျူခေတ် နှောင်း၊ သရေခေတ္တရာမင်းအဆက်ဆက် တည်ထောင်ခဲ့သည့် ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရားနှင့်စန္ဒာဒေဝီမိဖုရားတို့သည် ဘီစီ(၅)ရာစုအတွင်း ရွှေတောင်မြို့ တောင်ဘက် အရပ် (၄)မိုင်အကွာ ဒေဝါဂီရီခေါ် ရွှေနတ်တောင်ကုန်း မြင့်ပေါ်တွင်တည်ထားကိုးကွယ်ထားသောရွှေနတ်တောင်စေတီတော်မြတ်ကြီးကို အသစ်ထပ်မံ ပြုပြင်ပူဇော်ဖူးမျှော်ပြီး အပြန်ခရီးတစ်ထောက်အဖြစ် ယခု တည်ကုန်းဟု ခေါ်ဆိုသောအရပ်တွင် ညအိပ်ရပ်နားခဲ့သည်။ ဗိဿနိုးမိဖုရားကြီးသည် ညဉ့်အခါတည်းခိုရပ်နားစဉ် အိပ်မက်မြင်မက်ခဲ့သည်။ မိမိတို့တည်းခိုသောနေရာ၏ အနောက်မြောက် ယွန်းယွန်း အရပ်တစ်နေရာတွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်း အိပ်မက်မြင်မက်သည်ကို နံနက်မိုးသောက်သောအခါ ဒွတ္တဘောင်မင်းကြီးထံ အကြောင်းစုံလျှောက်ထားရာ မင်းကြီးလည်း မိဖုရား၊ မှူးမတ်၊ ပရိပ်သတ်နှင့် ယင်းနေရာကို ကြွရောက်ရှာဖွေကြလေသည်။ ယခု ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်လျှက်ရှိသောနေရာ ဖျောက်ဆိပ်ကုန်း(ယခု-သိမ်ကုန်း) သို့ ရောက်သောအခါ ဘုရားရောင်ကြည်တော်ကဲ့သို့ အရောင်မျိုးစုံဝင်းလက်၍ ကောင်းကင်သို့ ရောင်စဉ်များ ဖြာတက်သွားသည်ကို မင်း၊ မိဖုရား၊ မှူးမတ်နှင့် ပရိသတ်တို့ မြင်တွေ့လိုက်ရသဖြင့် မိမိတို့ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုပြုရန်အတွက် နတ်ကောင်းနတ်မြတ်များက ပြသခြင်းဖြစ်သည်ဟု ယုံကြည်ကာ ဤရုပ်ပွားတော်မြတ်ကြီးကို မဟာသက္ကရာဇ် (၂၅၀)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။ (ထိုစဉ်က ရွှေမျက်မှန် တပ်ဆင်ထားခြင်း မရှိသေးပါ။) ရွှေမျက်မှန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ပြီး မကြာသောကာလတွင် ဒွတ္တဘောင်မင်းတရားကြီး၏ နတ်မျက်စိအလင်းရောင် ကွယ်သွားရာ ပညာရှိမှူးမတ်များအား ဗေဒင်ကိန်ခန်းများ တွက်ချက်ကြည့်စေသောအခါ မင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီးတွင် ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့် လိုက်ဖတ်ညီသော မျက်လုံးတော်ပုံသဏ္ဌာန်နှင့် တူညီသည့်မှန်တစ်စုံကို ဆက်ကပ်လှူဒါန်းပါက မင်းကြီး၏ နတ်မျက်စိအလင်းရောင် ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း လျှောက်ထားကြသဖြင့် မှန်တစ်စုံကို မှန်တစ်စုံကို ဗုဒ္ဓရုပ်ပွားတော်တွင် ဆက်ကပ်လှူဒါန်းရာ မင်းကြီး၏ နတ်မျက်စိအလင်း ပြန်လည်ရရှိခဲ့လေသည်။ မြန်မာသက္ကရာဇ် (၁၂၂၇) ခုနှစ်မတိုင်မီကုန်းဘောင်ခေတ်ကာလတွင်သာသနာရေးဂိုဏ်းဂဏများ အသင်းကွဲ ပေါ်ပေါက်လာသဖြင့် သာသနာတော် တည်တံ့ပြန့်ပွားစေခြင်းငှာ ရွှေတောင်မြို့သားကြီး ဇေယျနန္ဒမိတ်က ဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်၍ ဒွတ္တဘောင်မင်းကြီး လှူဒါန်းခဲ့သော မှန်တစ်စုံကို ခြုံငုံလျက် ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွန်းမံ တပ်ဆင်ပူဇော်ခဲ့လေသည်။[၂][၃] ရွှေမျက်မှန်ဘုရားကြီးယခုအခါမှာ ဉာဏ်တော် အတောင် (၂၀) ခန့် မြင့်သည်။ ရုပ်ပွားတော်၏ မျက်နှာ သုံးပုံတစ်ပုံခန့်သာသာ အရွယ်ရှိ ရွှေမျက်မှန်ကြီး တပ်ဆင်ထားသည်။ မျက်မှန်တော်ကြီးမှာ တစ်ဖက်မှတစ်ဖက် အထက်အောက် ကွင်းအကျယ် လက်မ ၂၀ စီ ရှိသည်။ အလျား ၂၂ လက်မ ရှိသည်။ မျက်လုံးတော်မှာ လက်မ ၂၀ ရှိပြီး မဟူရာမျက်လုံးတော်များ ဖြစ်သည်။ခေတ်အဆက်ဆက် မျက်စိဝေဒနာရှင်များသည် ရုပ်ပွားတော်ကြီး၏မျက်မှန်တော်ကို ပြုပြင်လှူဒါန်းခဲ့ကြသည်။ သန့်စင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် မျက်စိရောဂါများသက်သာပျောက်ကင်းသည်ဟု ယုံကြည်ကြသည်။ ဂါထာတော်ရွှေမျက်မှန်ဘုရားကြီးမျက်စိဝေဒနာပျောက်ကင်းစေသော ဂါထာတော် ပါဠိဘာသာ ဒက္ခိဏက္ခိစ သူရိယော ဝါမအက္ခိစ စန္ဒိမာ ဗုဒ္ဓစက္ခုနိ ဓါတုယော အဟံဝန္တာမိ သဗ္ဗဒါ ဧတေန ပုညကမ္မေန စက္ခုရောဂေါ ဝိနဿတု မြန်မာပြန် လက်ယာဘက် မျက်စိတော်၌ နေမင်းသည် တည်၏ လက်ဝဲဘက် မျက်စိတော်၌ လမင်းသည် တည်၏။ ဘုရားရှင်၏ မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ရိုသေလေးမြတ်စွာ ရှိခိုးပါ၏။ ဤသို့ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် မျက်စိ၌ ဖြစ်သောရောဂါ ဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း။ အခြားဖက်ရှူ့ရန်ဆောင်းပါးများကိုးကား
|
Portal di Ensiklopedia Dunia