ကုသိုလ်တော် ဘုရား(မန္တလေး)
![]() ကုသိုလ်တော်ဘုရား သည် မန္တလေးတောင်၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး မင်းတုန်းမင်း၏ ကုသိုလ်တော် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၂၄ ဝါဆိုလတွင် မင်းတုန်းမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားဖြစ်ပြီး ဘွဲ့အမည်မှာ မဟာလောကမာရဇိန် ဖြစ်သည်။ တံတိုင်း ၃ ထပ်ရှိပြီး ဖိနပ်ခင်းအချင်း သံတောင် ၆၅၊ အရပ်တော် သံတောင် ၅၀၊ ၁ မိုက် ၄ သစ်ရှိသည်။ တည်နေရာအရှေ့ဘက်တွင် သစ်လုပ်ငန်း၊ အနောက်ဘက်တွင် မန္တလေးတောင်ခြေ အရှေ့တောင်စောင်းတန်း၊ မြောက်ဘက်တွင် ဘုန်းတော်တိုးရပ် တပ်မြေ၊ တောင်ဘက်တွင် ဒေါနဘွားရပ်တို့အကြား တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂၃၀ ကဆုန်လဆန်း ၁ ရက်နေ့တွင်-
ဒီကျောက်စာတွေကို ကူသိုလ်တော် ဘုရားကြီးရဲ့ ပထမ မဟာရံတံတိုင်းအတွင်းမှာ ၄၂ ချပ်၊ ဒုတိယ မဟာရံတံတိုင်းအတွင်းမှာ ၁၆၈ ချပ်၊ တတိယ မဟာရံတံတိုင်းအတွင်းမှာ ၅၁၉ ချပ်၊ ကျောက်စာတစ်ချပ်ကို သီဟိုဠ် စွယ်တော်ကြုတ်ပုံ အုတ်ပြာသာဒ် တစ်ခုစီအတွင်းမှာ မြေဝင်တစ်တောင်ထားပြီး အခိုင်အမာ စိုက်ထူထားပါတယ်။ ပထမ မဟာရံတံတိုင်းအတွင်းက အင်္ဂါထောင့်မှာတော့ ပိဋကတ်တော်သုံးပုံ ပါဠိတော်တွေကို ကျောက်ထက် အက္ခရာ တင်တဲ့အကြောင်း သံပိုင်းမော်ကွန်းနိဂုံး ကျောက်စာကြီးတစ်ချပ်ရေးထိုးစိုက်ထူထားပါတယ်။ ဒါကြောင့် ကျောက်စာပေါင်း ၇၃၀ ပါ။ အဲဒီစာရင်းမှာ မပါတဲ့ နောက်တိုးကျောက်စာ ၃ ချပ်လည်း ရှိပါတယ်။ အဲဒါက ပထမတံတိုင်းအတွင်း တနင်္ဂနွေထောင့်မှာပါ။ မင်းတုန်းမင်းကြီး လှူသွားခဲ့တဲ့ အလှူတော်တွေက ကုန်ငွေတွေကို စာရင်းတင်ပြီး ငွေသင့်ပေါင်း ၂၂ ကုဋေနဲ့ ၆ သန်းဖိုးမျှ ရှိတယ်လို့ တင်ပြတဲ့ အလှူတော်စာရင်းကျောက်စာ ၃ ချပ် ဂူကြီး ၂ ဂူအတွင်းမှာ စိုက်ထူထားတာပါ။ ဒီကျောက်စာတွေကတော့ ကြေးမြင်မိဘုရားကြီးက တိုက်တွန်းလို့ ဝက်မစွတ်ဝန်ထောက်ကရေးပြီး ၁၂၈၃ ခုနှစ်ကမှ စိုက်ထူထားတာ ဖြစ်ပါတယ်။[၂] တည်ဆောက်ခြင်းသက္ကရာဇ် ၁၂၂၁ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ ည ၂ ချက်တီးကျော်တွင် မန္တလေးမြို့တော် ကို ပန္နက်ချရာတွင် တပြိုင်နက်တည်း အုတ်မြစ် ပန္နက်ချသော ၇ ဌာန အနက် ( ၇ ဌာနကား မြို့တော် ကျုံးတော် မဟာလောကမာရဇိန်စေတီတော် သိမ်တော်ကြီး မဟာအတုလဝေယန်ကျောင်းတော် ပိဋကတ်တိုက်တော် သုဓမ္မာဇရပ်တော် တို့ဖြစ်သည် ) မဟာ လောကမာရဇိန် စေတီတော်လည်း ပါဝင်လေသည်။ ထို့နောက် ကဆုန်လဆုတ် ၆ ရက်နေ့တွင် ၇ ဌာန ကို အုတ်စီ ခင်းရလေသည်။ မင်းတုန်းမင်းကြီး စေတီတော် တည်သည့် ကာလတွင် သီဟိုဠ်ကျွန်း ကဏ္ဏတိတ္ထမြို့မှ ရဟန်းတော် ၂ ပါး သိမ်ကိစ္စ ဝါဒကွဲပြားသဖြင့် အဆုံးဖြတ်ခံရန် မန္တလေးနေပြည်တော်သို့ ကြွချီ လာရာ ရဟန်းတော်များ အပြန်တွင် အတွင်းတော်မြဲ ဦးကြီး ဥပုသ်တော်ခေါင်း ဦးမွှေးနှင့် ဦးအောင်ထွန်း တို့ကို သီဟိုဠ်ကျွန်း သို့ စွယ်တော် ပင့်ထည့်လိုက်၍ စွယ်တော်ပွားတစ်ဆူ ပင့်ဆောင်လာခဲ့သဖြင့် ၁၂၂၃ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် စေတီတော်၌ ဌာပနာလေသည်။ ရတနာစေတီများနှင့် ဓာတ်တော်များ ဗောဓိရွက် စသည်တို့ကိုလည်း ဌာပနာလေသည်။ ၁၂၂၄ ခုနှစ် ဝါဆိုလတွင် မဟာရံတံတိုင်း ၃ ထပ်နှင့် စေတီတော်ကြီး ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတော်တင်ကာ မဟာလောက မာရဇိန် စေတီတော်ဟူ၍ ဘွဲ့သမုတ်လေသည်။ ထို့နောက် မင်းတုန်းမင်းကြီးသည် ၁၂၃၃ ခုနစ် တွင် ပဉ္စမသင်္ဂါယနာ တင်တော်မူရာ ၁၂၂၂ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့က စတင်ထုလုပ်ခဲ့သော ပိဋကတ် ကျောက်စာချပ်များကို စေတီတော်၏ ပထမ ဒုတိယ တတိယ တံတိုင်းအတွင်း ၌ ဂူစေတီများတည်၍ သွင်းနှံ စိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ ၇၂၉ ဆူရှိလေသည်။ စေတီတော်မှာ ဉာဏ်တော် ၅၁ တောင် ၁ မိုက် ၄ သစ် ဖိနပ်တော်အခင်း ၆၅ တောင်ရှိ၍ မြောက်မျက်နှာတို့တွင် မူလတည်စက အုတ်ဇရပ် ၃၆ ဆောင်ပါ ဆောက်လုပ်ထားခဲ့၍ ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့လေသည်။ ကိုးကား |
Portal di Ensiklopedia Dunia