ရန်ကုန်မြို့ရှိ ကျောက်တော်ကြီးဘုရားသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်းဓမ္မကုန်းတော်ပေါ်တွင် စံပါယ်လျက်ရှိသည်။[၁] ရုပ်ပွားတော်မြတ်စံပါယ်ရာ ဂန္ဓာကုဋီတိုက်တော်သည် ၂၅ ပေ (၇.၆ မီတာ) မြင့်ပြီး ဘွဲ့တော်အပြည်အစုံမှာ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီးဟူ၍ဖြစ်သည်။ ရုပ်ပွာတော်မြတ်ကြီးကို မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှရရှိသော အဖြူရောင်စကျင်ကျောက်တုံး တစ်တုံးမှ ထုလုပ်ထားခြင်းဖြစ်သည်။[၁] ရုပ်ပွားတော်မြတ်ကြီး၏ အလေးချိန်သည် ၅၆၀ တန်နီးပါးရှိပြီး[၂] ဘေးရန်အန္တရာယ်မရှိအောင် ကာကွယ်ပေးလျက်ရှိသောဟန်ဖြစ်သော အဘယမုဒြာသဏ္ဌာန် ထုလုပ်ထားသည်။[၃]
စကျင်ကျောက်ဖြင့် ထုလုပ်ထားသော ရုပ်ပွားတော်မြတ်ကို အထူးပြုလုပ်ထားသော ရထားလမ်းများတည်ဆောက်ပြီး အေးရှားဝေါလ်ကုမ္ပဏီမှ လှူဒါန်းသော ၂၀၀ ပေ (၆၁ မီတာ) ရှည်သည့် သမ္ဗန်တော်ဖြင့် သယ်ဆောင်ခဲ့သည်။[၃] ထိုသမ္ဗန်တော်အား ဧရာဝတီမြစ်အတွင်းသို့ချပြီး မြစ်ကမ်းတစ်လျှောက် မြို့ကြီးများသို့ ဝင်ရောက်အဖူးမြော်ခံပြီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လေသည်။[၃] သမ္ဗန်တော်ကြွချီရာ မြစ်ကြောင်းတစ်လျှောက်တွင် လှေခင်းများ ခင်းလျက် တင့်တယ်စွာ သယ်ဆောင်ခဲ့ခြင်းဖြစ်သည်။[၃]
စကျင်ကျောက်ဖြင့်ထုလုပ်ထားသော ဆင်းတုတော်ကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်တွင် ၅ ဩဂုတ် ၂၀၀၀ ခုနှစ် ကုန်းပေါ်သို့သယ်ဆောင်တော်မူခဲ့သည်။ ထိုသို့ဆောင်ယူရာ၌ လူပေါင်း ၅၀၀,၀၀၀ ကျော် လာရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများဖြစ်ကြသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)
|သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)၊ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့လည်း ပါဝင်ခဲ့သည်။[၃] ရုပ်ပွားတော်ကို မင်းဓမ္မကုန်းတော်ပေါ်သို့ အထူးပြုလုပ်ထားသော ရထားတွဲများဖြင့် ၁၀ ဩဂုတ်လတွင် သယ်ယူခဲ့သည်။[၃] ပြီးစီးအောင် ထုလုပ်ထားခြင်းမရှိသော ရုပ်ပွားတော်ကို ပြီးစီးအောင်ထုလုပ်၍ အခါတော်ပေးများအလိုအရ ထူးမြတ်သော အောင်မြေနေရာတွင် ရုပ်ပွားတော်၏ စံကျောင်းတော် ဆောက်လုပ်ခဲ့သည်။[၄] ကျောက်တော်ကြီးဘုရားရုပ်ပွားတော်မြတ်ကို ၂၀၀၂ နှစ် ဖေဖော်ဝါရီလတွင် ထုလုပ်ပြီးစီးလှူဒါန်းမှုပြုလုပ်ခဲ့သည်။[၃] အများအပြောအရ ဗုဒ္ဓဆင်းတုတော် ထုလုပ်လှူဒါန်းခြင်းသည် မကောင်းသော ကံကြမ္မာကို ရှောင်လွဲရန် ယတြာဟုလည်း ဆိုကြသည်။[၃] ကျောက်တော်ကြီးဘုရားတည်ရှိရာနေရာသည် ယခင် ကိုးမိုင်သင်္ချိုင်းနေရာဖြစ်သည်။[၅]
ရုပ်ပုံများ
ကိုးကား