မဟာဝိဇယစေတီ
မဟာဝိဇယစေတီတော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ရှိသော စေတီတစ်ဆူ ဖြစ်သည်။ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုဒ်အနီး တည်ရှိသည်။ သမိုင်းကြောင်းမဟာ=ကြီးမားသော၊ ဝိဇယ=ထူးကဲစွာ အောင်မြင်ခြင်း ဟူသည့် အနက်အဓိပ္ပာယ်ကိုဆောင်သော မဟာဝိဇယစေတီတော်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဖွဲ့စည်းရေးအတွက် ပထမအကြိမ် ကျင်းပသော ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီးအောင်မြင်သည့် အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။[၁] မဟာဝိဇယစေတီကို ၁၉၈၀ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် စတင်တည်ထားခဲ့ပြီး ၁၉၈၆ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြီးစီးခဲ့ကာ ဉာဏ်တော်အမြင့် ၁၃၄ ပေ၊ ထီးတော်အမြင့် ၂၂ ပေ၊ စိန်ဖူးတော်အမြင့် ၁၃ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၁၆၉ ပေ၊ အောက်ခြေအချင်း ၁၆၅ ပေ ၈ လက်မရှိသော လိုဏ်ဂူပါစေတီပုံစံမျိုးဖြစ်သည်။ အာရုံခံလိုဏ်ဂူ၏ အလယ်တွင် စကျင်ကျောက်ဖြူ၊ အပရာဇိတပလ္လင်တော်ပေါ်၌ နီပေါနိုင်ငံဘုရင် ဗီရေန္ဒြဗီရဝိကရရှဟ်ဒေဝနှင့် မိဖုရားကြီး ဣဿွရယလက္ချမိဒေဝီရှဟ်တို့၏ ဓမ္မလက်ဆောင်ပဏ္ဏာတော် နာဂစီဝရာပဋပဋိမာဆင်းတုတော်နှင့် ပဉ္စဓာတုဝါဟန စေတီတော်တို့သည် ကိန်းဝပ်စံပယ်လျက်ရှိသည်။ ဘုရားထီးတော်ကို ထိုစဉ်နိုင်ငံအကြီးအကဲဖြစ်သူ မဆလပါတီဥက္ကဋ္ဌ ဦးနေဝင်းမှ လှူဒါန်းခဲ့သည်။[၂] ရှစ်မြောင့်ပုံ အပရာဇိတပလ္လင်တော် ဘေးပတ်လည်တွင် အရပ်ရှစ်မျက်နှာအလိုက် စကျင်ကျောက်ဖြူပလ္လင်တော် ရှစ်ခန်းနှင့် မုဒြာကွဲပြားသော ရုပ်ပွားတော်ရှစ်ဆူတို့ကို ၄၅ တန်အလေးချိန်ရှိ စကျင်ကျောက်တုံးကြီး ၁ တုံးကိုပင် ထွင်းဖောက်ထုလုပ်ထားသည်။ စေတီတော်ကြီး၏ ထူးခြားမှုမှာ တစ်နှစ်လျှင်တစ်ကြိမ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တိုင်း တနင်္လာဂြိုဟ်တိုင်မှ နေအလင်းရောင်သည် အပရာဇိတပလ္လင်တော်ထိပ်ပိုင်း အရှေ့ဘက်မုခ်ပေါက်ငယ်တွင် သီတင်းသုံးစံပယ်တော်မူသော နာဂစီဝရပဋပဋိမာ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်လေ့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia