မြို့ထောင့်စေတီစစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့၏ အရှေ့ မြောက်ဘက်တွင် တည်ရှိသည်။ အလောင်းမင်းတရား တည်ထားခဲ့သည်။ အလောင်းမင်းတရားသည် ဟံသာဝတီ(ပဲခူး)တွင် နေထိုင်စဉ် ရွှေမော်ဓောဘုရားအား ဖူးမြော်ခဲ့ပြီး ကြည်ညိုသဒ္ဓါပွားများကာ ရွှေဘိုသို့ ပြန်လည်အရောက်တွင် တည်ထားကိုးကွယ်ခဲ့သည်။[၁] မူလက မော်ဓောမြင်သာစေတီတော်ဟု ဘွဲ့အမည်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ထောင့်စေတီဟုသာ အမည်တွင်ခဲ့သည်။ မြို့ထောင့်စေတီ သည် ရွှေဘိုမြို့၏ အရှေ့မြောက်ထောင့်အရပ်တွင် ရှိပြီး ရွှေဘိုသမိုင်းတွင် အရေးပါသည့် စေတီတစ်ဆူဖြစ်သည်။[၂] ဘုရားပွဲတော်ကို နှစ်စဉ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့မှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပကာ အထက်အညာဒေသတစ်လျှောက်အလွန်စည်ကားသည့် ဘုရားပွဲတော်ထဲပါသည်။ [၃] ဘုရားပွဲတော်၌ ခြင်းအလှခတ်ပြပွဲများ၊ လှေလှော်ပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia