ဥမင်သုံးဆယ်ဘုရား

ဥမင်သုံးဆယ်ဘုရား အတွင်းဘက်

စစ်ကိုင်းတောင် အနောက်ဘက်ဆီ တောင်စဉ်အဆင့်ဆင့် နောက်ကျကျတွင် ဥမင် သုံးဆယ် ဘုရား တည်ရှိသည်။[] ယင်းအရပ်တွင် ဗုဒ္ဓရုပ်ပွား ၄၅ ဆူ ဂူဟန်ဆောင်သည့် ကျောက်နံရံတွင်း ကျောက်ဂူ အသီးသီးဝယ် တဆူချင်း စံပါယ်တော် မူကြပါပေသည်။ ရုပ်ပွားတော်များ စံပယ်တော်မူပုံက စက်ဝန်ခြမ်းသဏ္ဌာန်ဖြစ်သည်။

ဥမင်သုံးဆယ်ဘုရား သည် စစ်ကိုင်းသို့ ဘုရားလာဖူးသူများအဖို့ မဖြစ်မနေထည့်သွင်း လာရောက်ကြရသည့် ဘုရားတစ်ဆူလည်းဖြစ်သည်။ ဒေသအခေါ် စာမရီတောင်ထိပ်ဖျားတွင်ရှိသည်။   ဥမင်လိုဏ်မှာ မုခ်ဝ သုံးဆယ်ရှိခြင်းကို အကြောင်းပြုကာ ဥမင်သုံးဆယ်ဟု ခေါ်ကြသည်။ ဘုရားပွဲကို နှစ်စဉ် ဝါခေါင်လပြည့်နေ့တွင် ကျင်းပသည်။ []

ကိုးကား

  1. ရှေးဟောင်းသမိုင်းဝင် စစ်ကိုင်းမြို့က စေတီပုထိုးများဧရာဝတီသတင်း (၂၉ ဇန်နဝါရီ ၂၀၁၉)။ ၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ထူးခြားသောလက်ရာများနှင့် စိတ်ဝင်စားဖွယ်ရာ စစ်ကိုင်းစာမရီ တောင်ထိပ်ဖျားမှ ဥမင်သုံးဆယ်ဘုရားMyanmar Digital News (၁ ဒီဇင်ဘာ ၂၀၁၉)။ 4 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya