ကျောက်တန်းရေလယ်ဘုရား
ကျောက်တန်းရေလယ်ဘုရား (ကျိုက်မှော်ဝန်းရေလယ်စေတီတော်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော မှော်ဝန်းမြစ်တွင်းရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တည်ရှိသည့် မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များကို ဌာပနာသွင်း၍ တည်ထားသော ဘုရားဖြစ်သည်။ ရန်ကုန်မြို့၏ တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိပြီး သုံးရာစုနှစ်တွင် ဘုရင်ဗောဂဇနက တည်ထားခဲ့ခြင်းဖြစ်သည်။[၁] ဘုရားတွင် အံ့ဩဖွယ် ဆေးပန်းချီလက်ရာများ၊ ပန်းပုများစွာ ရှိပြီး မြန်မာလူမျိုးများ၏ ဗုဒ္ဓဘာသာ လက်မှုပညာများကို ပြသနေခြင်းဖြစ်သည်။ သမိုင်းသာသနာနှစ် (၂၁၅) ခုနှစ်တွင် ပါဒနိုင်ငံတော်ကြီးကို စတင်တည်ထောင် နန်းတည်စိုးစံခဲ့သော ဘောဂသေနမင်းသည် ဆရာရသေ့ ပေးအပ်လာသော ဘုရားရှင်၏ ဆံတော်နှင့် ဓာတ်တော်များကို ဌာပနာ၍ သာသနာသက္ကရာဇ် (၂၃၈) ခုနှစ်၌ ဆရာ ရသေ့ ညွှန်ပြရွေးချယ်ပေးသော ကျောက်ခုံပေါ်၌ ဉာဏ်တော် (၇) တောင်ရှိသော ကျိုကမျှော်ကဋော့ စေတီတော်ကို စတင်တည်ခဲ့သည်။ ဘောဂသေနမင်းမှ (၁၀) ဆက်မြောက်ဖြစ်သော တွတ္တနာဂမင်းကြီး လက်ထက်တွင် သီဟိုဠ်ဘုရင်ထံမှ လက်ဆောင် ပဏ္ဏာအဖြစ် ရရှိခဲ့သော ဆံတော် (၁) ဆူ၊ ဓာတ်တော် (၂၇) ဆူကို ရွှေကြုတ်၊ ငွေကြုတ်တွင် ထည့်ပြီး သီရိလင်္ကာမှ ကြွရောက်လာသော ရဟန္တာအရှင်သူမြတ် (၈) ပါး မိန့်ကြားချက်နှင့်အညီ မူလကျိုက်မျှော်ကဋော့စေတီတော်တွင် ဌာပနာ၍ အဓိဌာန် (၃) ချက်ပြုကာ ပြုပြင်တည်ဆောက်ခဲ့သည်။ အဓိဋ္ဌာန် (၃) ချက်
ဆိုပြီး အဓိဌာန်ပြုခဲ့တာကြောင့် ဒီကနေ့အထိ တည်မြဲစွာ ရှိနေခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်၌ အမိန့်တော်အရ ရှေ့နေဦးဘထွန်း၏ ဇနီး ဒေါ်ဒေါ်သက်၏ အိပ်မက်အရ ကျိုက်မှော်ဝန်းချောင်း ရေလယ်တွင်ရှိသော ကုန်းတော်ပေါ်သို့ ရောက်ရှိပြီး ဉာဏ်တော် (၇) တောင်ရှိ စေတီပျက်ကို တွေ့ရှိ၍ ဉာဏ်တော် (၃၄) တောင်၊ မုဋ် (၄) ဆင့် ပါသော စေတီတော်ကို မူလစေတီငယ်ကို ငုံ၍ တည်ဆောက်ခဲ့သည်။ စေတီတော်ဘွဲ့ကိုလည်း ကျိုက်မျှော်ကဋော့မှ ကျိုက်မှော်ဝန်းရေလယ်စေတီတော်ဟု ဘွဲ့တော်ပြုခဲ့သည်။ သက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါဆိုလ၌ ငှက်ပျောဖူးမြေခပြီး ထီးတော်ပါကျ၍ ကျောက်တန်းမြို့ အရှေ့ပိုင်း ကမ်းနားလမ်းနေ ဦးကျော် + ဒေါ်စိန်မေမှ လှူဒါန်းသော ထီးတော်သစ်ကို ၁၃၁၁ ခု၊ ကဆုန်လပြည့်နေ့၌ ပြန်တင်ခဲ့သည်။ ထိုမှတစ်ဆက်တည်း ဂေါပကအဆက်ဆက်မှ စေတီတော်ကို ပြုပြင်ထိန်းသိမ်းခဲ့သည်။ သာသနာသက္ကရာဇ် ၂၅၃၃ ခု၊ မြန်မာသက္ကရာဇ် ၁၃၅၁ ခုတွင် နိုင်ငံတော်က ဦးဆောင်၍ တိုင်းသူပြည်သားအပေါင်းတို့အတူ တစ်ပြည်လုံးရှိ ရှေးဟောင်းစေတီများ ပြုပြင်မွမ်းမံလျက်ရှိရာ ကျောက်တန်းမြို့ ကျိုက်မှော်ဝန်းရေလယ် စေတီဘက်စုံအဖွဲ့နှင့် ဂေါပကအဖွဲ့မှ ရွှေချခြင်း၊ စေတီတော်မူလရင်ပြင်တော်ကို အရှေ့ဘက်၊ တောင်ဘက်၊ အနောက်ဘက်တို့၌ ၁၅ ပေခန့် တိုးချဲ့ခြင်း၊ ကုန်းတော်အရှည်တည်စေရန်အတွက် ကျောက်ချခြင်း၊ အာရုံခံတန်ဆောင်များ အသစ်တည်ဆောက်ခြင်း၊ အဟောင်းများ ပြင်ဆင်ခြင်း၊ ရင်ပြင်၌ အပူခံကျောက်ပြားများ ခင်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေပါသည်။ ၁၃၅၁ ခုနှစ်မှ ၁၃၅၉ ခုနှစ်အထိ ကျပ်သိန်းပေါင်း (၁၅၀၀) ဖိုး ဘက်စုံတည်ဆောက်ခဲ့သည်။ ယခုအခါ အလွန်သွားရ လွယ်ကူသော ကျောက်တန်းရေလယ်ဘုရားသည် ဘုရားဖူးများနဲ့ အမြဲစည်ကားသိုက်မြိုက်စွာ ဖူးမြော်တွေ့ရှိခဲ့ပါတယ်။ ကျိုက်မှော်ဝန်းရေလယ်စေတီတော်၏ ကုန်းတော်ပေါ်ရှိ အခြား ဖူးမြော်အဓိဋ္ဌာန်ပြုနိုင်သည့်နေရာများစွာလည်း ဘုရားရင်ပြင်တော်ပေါ်တွင် ဖူးတွေ့နိုင်ပါသေးသည်။ ရုပ်တုများဆုတောင်းပြည့်ငါးစပ်ဘုရား၁၂၁၈ ခုနှစ်တွင် ကျောက်တန်းမြို့နယ်၊ မင်္ဂလွန်းကျေးရွာအရှေ့၊ ဘုန်းတော်ကြီးကျောင်းတွင် တည်ထားကိုးကွယ်ခဲ့သည်။ ကျိုက်မှော်ဝန်းရေလယ်စေတီ ကုန်းတော်ပေါ်သို့ ၁၃၀၀ ခုနှစ်တွင် ပြောင်းရွေ့ကိန်းဝပ် ပူဇော်ခဲ့ရာ ယနေ့အထိပင် ဖြစ်သည်။ ဘုရားဖူးပါရမီရှင်များမှ ဆုတောင်းပူဇော် အဓိဠာန်ပြုရာတွင် ဆုတောင်းပြည့်သည်ဟု လက်ခံယုံကြည်ကြသည်။ ရှင်ဥပဂုတ္ထမထေရ်ရေလယ်စေတီကုန်းတော်ပေါ်တွိင် လွန်ခဲ့သည့် နှစ်ပေါင်း (၆၀) ခန့်က တည်ထားကိုးကွယ်ခဲ့ပြီး ဘုရားဖူးပြည်သူများမှ သင်္ကန်းများ၊ ပုံတော်များ၊ ဆွမ်းများ၊ ဆီမီးများ၊ အလှူငွေများ ဆက်ကပ်ပြီး အဓိဋ္ဌာန်ပုတီးစိပ်ခြင်း ပြုလုပ်၍ ဆုတောင်းပူဇော်ကြပြီး ဆုတောင်းပြည့်သည်ဟု အဆိုရှိကြသည်။ သူရဿတီမယ်တော်လွန်ခဲ့သည့် နှစ်ပေါင်း (၅၀) ခန့်က ပုံတော်ကို ထုလုပ်ပူဇော်ထားခဲ့သည်။ ယုံကြည်သူများက ဆုတောင်းပူဇော်ရာ အကြံအစည်အောင် ကြသည်ဟုဆိုကြသည်။ နာဂမယ်တော်လွန်ခဲ့သည့်နှစ်ပေါင်း (၅၀) ခန့်က ပူဇော်ခဲ့ပြီး ရေလုပ်ငန်းလုပ်ကိုင်သူများ အထူးသဖြင့် ရေကြောင်းသွားလာသူများ ပူဇော်ဆုတောင်းအဓိဋ္ဌာန် ပြုလေ့ရှိကြသည်။ ယက္ခဒေဝညီနောင်တတိယဘုရားဒါယကာ ဦးဘထွန်း၊ ဒေါ်ဒေါ်သက် စေတီတော်ကို ပြုပြင်စဉ်ကပင် စေတီ၏ လှိုဏ်အတွင်း၌ ကျောက်ဖြင့် ထုလုပ်ထားသော ဘီလူးညီနောင် ရုပ်တုကို တွေ့ရှိခဲ့ပြီး ယခင် ဂေါပကအဆက်ဆက်မှ ယခုလက်ရှိ နေရာသို့ ပြောင်းရွှေ့ပြီး၊ မူလကျောက်ဆင်းတုကို ငုံ၍ လက်ရှိတွေ့ရသော ဘီလူးညီနောင်ပုံများ ပြုလုပ်ထားရှိခဲ့သည်။ ကျန်းမာရေးချို့တဲ့သူများနှင့် ဘုရားဖူးများ ကန်တော့ပွဲများ၊ အလှူငွေများ၊ ပဝါများ လှူဒါန်း၍ ဆုတောင်းအဓိဋ္ဌာန်ပြုလုပ်လေ့ရှိသည်။ ဓာတ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia