မာရ်အောင်ရတနာစေတီတော်

မာရ်အောင်ရတနာစေတီတော် သည် မန္တလေးမြို့၊ ဆင်ခြေဖုံးရှိ စေတီတော် တစ်ဆူဖြစ်၍ ဘုရားဖူး အရောက်အပေါက်နည်းသည်။ စေတီတော်သည် အရှေ့ပြင်၊ ဝါခင်းကုန်းအရပ်၌ တည်ရှိ၍ “ဝါခင်းကုန်းဘုရား” ဟု ထင်ရှားသည်။ မန္တလေးမြို့ အရှေ့တောင်ဘက် မဟာသီရိဟေမဝန်ဥယျာဉ်အတွင်းတွင် တည်ရှိသည်။[]

(ရှေးအခါက ဟေမဝန်ဥယျာဉ်၊ ဝါခင်းကုန်းအရပ်ဟု ခေါ်တွင်သည်။)

သမိုင်းကြောင်း

မန္တလေးမြို့၊ နန်းတော်၌ နောက်ဆုံး စိုးစံသွားသော သီပေါမင်း၏ ကုသိုလ်တော် ဖြစ်၍ သွားရောက်ဖူးမြော်သင့်သည်။ သီပေါမင်းတရားသည် မိမိနံ၏ တေဇအရပ်၌ စေတီတော်ကို တည်တော်မူခဲ့သည်။ ဖိနပ်တော် (၅၅)တောင်၊ အရပ်တော်(၅၆)တောင် ရှိပြီး သက္ကရာဇ် ၁၂၄၁ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ အင်္ဂါနေ့တွင် ထီးတော်တင်တော်မူခဲ့သည်။ ထီးတော်အထွတ် တင်ပြီးနောက် မာရ်အောင်ရတနာ ဟူသော ဘွဲ့အမည်ကို သမုတ်တော်မူသည်။ ကာလကြာသော် ဝါခင်းကုန်းအရပ်၌ တည်ထားသဖြင့် ဝါခင်းကုန်းစေတီဟု ခေါ်ဝေါ်လျက် ရှိသည်။

ထိုစေတီတော်တွင် ရတနာသိဃင်္စီရင်စု၊ ရွာသာယာအရပ် တလည်ချောင်းအနီး ဥမင်လိုဏ်အတွင်းမှ တွေ့ရှိသော ရုပ်ပွားတော်၊ ဓာတ်တော်မွေတော်တို့နှင့်မဇ္ဈိမဒေသ ဘုရားပွင့်ရာ အပရာဇိတပလ္လင်တော် နေရာဌာနမှ မြေတို့နှင့်တကွ သတ္တဌာနအဋ္ဌဝီသ ရွှေငွေမိုးကြိုး ပဉ္စလောဟာ ရုပ်ပွားဆင်းတုတော်များ၊ ဓမ္မခန္ဓာပါဠိတော် ရွှေပေချပ်များကို ဌာပနာခဲ့သည်။[]

ဘုရားပွဲတော်ကို တပို့တွဲလပြည့်နေ့တွင် ကျင်းပသည်။ ပန်းမွေ့ယာပွဲတော် ကျင်းပသဖြင့် ယခုအခါ ထူးခြားစွာ စည်ကားသော ဘုရားပွဲဖြစ်သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၇၃။
  2. နတ်မောက်ထွန်းရှိန် - မန္တလေး ရတနာပုံ ဘုရားစုံ၊ ၂၀၁၇၊ ဩဂုတ်လ၊ စာ-၈၂
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya