မဟာတိလောကသယမ္ဘူကျောက်တော်ကြီး

မဟာတိလောကသယမ္ဘူကျောက်တော်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် တည်ရှိသည်။ ကောဇာသက္ကရာဇ် ၁၂၄၈ ခုနှစ်တွင် ကျောက်တော်ကြီးဘုရားများသီတင်းသုံးစံပါယ်ရာ ဂန္ဓကုဋီ တိုက်ကြီးကို တည်ဆောက်ခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ ကဆုန်လဆန်း (၈)ရက်တွင် အလှူရှင် ညောင်လေးပင်ဘုရားအမ မယ်ကြီး(သား) မောင်လွန်းမောင် တို့ကမတည်ပြီး အများစုပေါင်းလှူဒါန်းခြင်းဖြင့် ဉာဏ်တော်ခုနှစ်တောင် ရှိ ပထမဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ သာသနာတော်နှစ် ၂၄၄၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ ဝါခေါင်လဆန်း (၁)ရက်နေ့တွင် ပထမဘုရားကြီးအား တည်ထားခဲ့သည့်ကျောက်စာအား ကဗ္မည်းရေးထိုးခဲ့သည်။ သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ တန်ခူးလဆန်း (၁၀)ရက်နေ့တွင် ဘုရားဒါယကာ ဦးဘိုးဆောက် နှင့် ဘုရားဒါယိကာမ ဒေါ်မေ တို့မှ ဉာဏ်တော်(၅)တောင် (၁)မိုက်ရှိ ဒုတိယဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့တွင် ဘုရားဒါယကာ ဦးစံလှိုင် နှင့် ဘုရားဒါယိကာမ ဒေါ်ပွင့် တို့မှ ဉာဏ်တော်(၅)တောင် (၁)မိုက်ရှိ တတိယဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့သည်။ ကျောက်တော်ကြီး ဘုရားပွဲအား တပို့တွဲလဆန်း(၁၄)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ထိ (၃)ရက် တိုင်တိုင် နှစ်စဉ်ကျင်းပလျက်ရှိသည်။[]

ကိုးကား

  1. မဟာတိလောကသယမ္ဘူကျောက်တော်ကြီး။ 14 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၁-၀၉-၁၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya