ဂျပန်-မြန်မာ ဆက်ဆံရေး
ဂျပန်–မြန်မာ ဆက်ဆံရေး သည် ဂျပန်နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေးဖြစ်သည်။နှစ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးအား ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ထူထောင်သည်။[၁]ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာသံရုံး ရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဂျပန်သံရုံး ထားကာ သံအမတ်ကြီးအဆင့် များဖြင့် သံအဆက်အသွယ်ပြုသည်။ သမိုင်းကြောင်းအစောပိုင်းကာလဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် အခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် ရာစုနှစ်ပေါင်းများစွာ အဆက်အသွယ်ရှိခဲ့သည့် နိုင်ငံတစ်ခုဖြစ်သည်။[၂] ၁၇ ရာစုအစောပိုင်းတွင် ပထမတောင်ငူအင်ပါယာ ကို ဆန့်ကျင်သည့် ရခိုင်ဘုရင်အတွက် ဂျပန်စစ်သည်တော်များ (ဆာမူရိုင်း)တို့က တက်ကြွသောအခန်းကဏ္ဍမှ ပါဝင်တိုက်ပွဲဝင်ခဲ့သော အထောက်အထားများရှိသည်။[၃]ယင်းအပြင် ယခင်ထိုင်းနိုင်ငံ မြို့တော် အယုဒ္ဓယ မှ ထွက်ပြေးလာသော ဆာမူရိုင်းအများအပြားသည် ကျိုင်းတုံစော်ဘွား များထံ တာဝန်ထမ်းဆောင်ခဲ့ကြသည် အထိ ဆက်ဆံမှုက နှစ်ပေါင်းရာချီသောကာလကတည်းကရှိခဲ့ဖူးသည်။[၄] ဗြိတိသျှကိုလိုနီခေတ်အစောပိုင်းဆက်ဆံရေးမြန်မာ့လွတ်လပ်ရေး အစောပိုင်းလှုပ်ရှားမှုတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးဥတ္တမသည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုမြို့ရှိ ဗုဒ္ဓသိပ္ပံအကယ်ဒမီတွင် ပါဠိနှင့် သက္ကတဘာသာရပ်များ သင်ကြားပို့ချခဲ့သည်။ ဆရာတော်ဦးဥတ္တမ မှစ၍ ကိုလိုနီဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးလှုပ်ရှားမှုများ၏ ထင်ရှားသောမြန်မာ့အရေးတော်ပုံကြီးအများအပြားသည် ဂျပန်တို့နှင့် ပတ်သက်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဗြိတိသျှမြန်မာပြည်၏ ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဂဠုန်ဦးစောနှင့် မြန်မာ့ရုပ်ရှင်လောက၏ ပထမဆုံးသော ရုပ်ရှင်သရုပ်ဆောင် ညီပု တို့သည် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး စက်ရုံများ၊ စစ်ရေး၊ ရုပ်ရှင်လုပ်ငန်းနှင့် ပညာရေးစနစ်များကို လေ့လာခဲ့ကြသည်။[၅] ဦးစောနှင့် ဦးဥတ္တမတို့သည် ဂျပန်အကူအညီဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရနိုင်သည်ဟု ယုံကြည်လာကြသူများဖြစ်သွားခဲ့ကြသည်။ ဂျပန်အင်ပါယာနှင့် ဒုတိယကမ္ဘာစစ်(ကာလ) မြန်မာ-ဂျပန်ဆက်ဆံရေး၁၉၄၁ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ရဲဘော်သုံးကျိပ် တို့သည် ဂျပန်နိုင်ငံ သို့ တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။ ဗြိတိသျှကိုလိုနီလက်အောက်ခံတပ်များကို တိုက်ထုတ်ရန် စစ်ရေးလေ့ကျင့်မှုရယူခဲ့ကြသည်။ထိုစဉ်အခါက မြန်မာနိုင်ငံတွင် အမျိုးသားအရေးတော်ပုံ အား ပံ့ပိုးကူညီရန်အတွက် ဂျပန်နိုင်ငံ က ဖွဲ့စည်းထားသော အထူးထောက်လှမ်းရေးတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးဆူဇူကီး မှာ အထူးထင်ရှားသည်။[၆]သူသည် မြန်မာလူငယ်အဖွဲ့၏ နည်းပြနှင့် အဓိက သင်တန်းဆရာဖြစ်ခဲ့သည်။ရဲဘော်သုံးကျိပ် တို့သည် ဂျပန်မှစစ်ပညာဖြင့် ကိုလိုနီများအား ဂျပန်အကူအညီဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။သို့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအိုင်အေ) ဟု ပြောင်းလဲပေးခဲ့သည်။ ဂျပန်တပ်များပေးသည့် ရွှေရည်စိမ်လွတ်လပ်ရေးကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ဖွဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဂျပန်ကျူးကျော်သူများအား တိုက်ထုတ်ခဲ့သည်။ နောက်အကျိုးဆက် အနေဖြင့် ဂျပန်-မြန်မာ ဆက်ဆံရေးသည် အေးစက်သွားခဲ့ရသည်။ထိုကာလက ဂျပန် က တင်မြှောက်ခဲ့သော ဒေါက်တာဘမော်အစိုးရမှာလည်း စစ်အတွင်း ပြိုလဲခဲ့ရသည်။ ချစ်ကြည်ရင်းနှီးမှုဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဂျပန်-မြန်မာဆက်ဆံရေးအား တည်ငြိမ်သောဆက်ဆံရေး အဖြစ် ပြန်လည် အသက်သွင်းရန် နှစ်နိုင်ငံခေါင်းဆောင်များက ကြိုးပမ်းကြသည်။စစ်ကြီးပြီးခါစ စားနပ်ရိက္ခာအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည့် ဂျပန်နိုင်ငံ အား ထိုစဉ်က မြန်မာနိုင်ငံက ဆန်အမြောက်အမြားကို ပေးပို့ခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးအား ခိုင်မာမှု ပြုခဲ့သည်။ ၁၉၅၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးကျော်ငြိမ်း နှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Okazaki Katsuo တို့သည် ငြိမ်းချမ်းရေး စာချုပ်နှင့် လျော်ကြေးပေးရေး သဘောတူညီချက်များ ပြုကြသည်။အဆိုပါ သဘောတူညီချက်ကို ဂျပန်ပါလီမန်က အတည်ပြုခဲ့ပြီး လျော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ နှင့် ရန်ကုန်ဆိပ်ကမ်း ပြန်လည်တည်ဆောက်ရေးတွင် လာမည့် ၁၀ နှစ်အတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးမည်ဟု ကတိပြုခဲ့သည်။[၇]ဂျပန်နိုင်ငံ ၏ ထင်ရှားသည့် အကူအညီများမှာ မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA Grant) နှင့် ချေးငွေ (ODA Loan) များ ဖြစ်သည်။၁၉၆၆ ခုနှစ်တွင် ဂျပန်က ၁၉၅၄ ခုနှစ် သဘောတူညီချက်ကို ပြန်လည်သုံးသပ်ပြီး ဒေါ်လာ သန်း ၁၄၀ ထပ်မံထောက်ပံ့ပေးခဲ့သည်။ယင်းနောက် ဂျပန်နှင့်မြန်မာတို့သည် ၁၉၆၃ ခုနှစ်တွင် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ဦးနေဝင်း၏ ၁၉၆၂ ခုနှစ် မြန်မာအာဏာသိမ်းမှုအပြီးတွင် လက်မှတ်ရေးထိုးခဲ့သည်။[၈] ဆိုရှယ်လစ်ခေတ်ကာလတွင် ဂျပန်နှင့် မြန်မာတို့သည် အာရှနိုင်ငံများကြားတွင် အခိုင်မာဆုံးသော ဆက်ဆံရေးအချို့ကို “အထူးဆက်ဆံရေး”ဟု ခေါ်ဆိုလေ့ရှိသည်။[၉] ၁၉၈၈ နောက်ပိုင်း ဆက်ဆံရေး၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဂျပန်နိုင်ငံက ၎င်းပေးအပ်နေသည့် ချေးငွေ(ODA Loan)ကို ရပ်ဆိုင်းခဲ့သည်။သို့သော် အကူအညီ (ODA Grant) နှင့် နည်းပညာအကူအညီ (Technical Assistance) များ ဆက်လက် ပေးအပ်ခဲ့သည်။ထိုကာလများသည် မြန်မာ-ဂျပန် ဆက်ဆံရေး အနည်းငယ်အေးစက်သည့် ကာလများဟု မှတ်ယူနိုင်သည်။သို့သော် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ဂျပန်က နီးနီးကပ်ကပ်ဆက်ဆံရေးကို ထူထောင်သည်။၂၀၀၀ပြည့်နှစ် ဇွန်လ တွင် တပ်မတော်အစိုးရ အတွင်းရေးမှူး (၁) ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဂျပန်နိုင်ငံ သို့ တရားဝင် သွားရောက်သည်။[၁၀] ဂျပန်နိုင်ငံဘက်ကလည်း ၂၀၀၂ ခုနှစ် အောက်တိုဘာလ တွင် နိုင်ငံခြားရေးဝန်ကြီး Yoriko Kawaguchi အား မြန်မာနိုင်ငံသို့ စေလွှတ်သည်။ယင်းကာလကစပြီး မြန်မာ-ဂျပန်ဆက်ဆံရေး တစ်ရှိန်ထိုးခိုင်မာ တိုးတက်လာခဲ့သည်။နိုင်ငံရေးအကူးအပြောင်းဖြစ်သည့် ၂၀၁၀ပြည့်နှစ် မတိုင်မီအထိ မြန်မာထိပ်ပိုင်းခေါင်းဆောင်ပိုင်း၏ တရားဝင်ချစ်ကြည်ရေး ဂျပန်ခရီးစဉ် သည် (၇)ကြိမ် ရှိခဲ့ပြီး ဝန်ကြီးချုပ်အဆင့် ခရီးစဉ်က (၂)ကြိမ်၊နိုင်ငံခြားရေးဝန်ကြီးခရီးစဉ်က (၄)ကြိမ်ရှိခဲ့သည်။အလားတူ ဂျပန်နိုင်ငံဘက်ကလည်း နိုင်ငံခြားရေးဝန်ကြီးအဆင့် ခရီးစဉ်(၂)ကြိမ် နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း ဒုတိယဝန်ကြီး အဆင့် ခရီးစဉ် (၂)ကြိမ် အထိရှိခဲ့သည်။[၁၁] မြန်မာနိုင်ငံ တွင် ရွေးကောက်ခံအစိုးရ တက်ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်ရပ်ဆိုင်းထားသည့် တရားဝင်ဖွံ့ဖြိုးမှု ချေးငွေ (ODA Loan) များ ပြန်လည်ပေးအပ်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ခရီးစဉ်များမြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲပြီးနောက် သမ္မတဦးသိန်းစိန် ကို ဂျပန်အစိုးရက ၂၀၁၂ခုနှစ် ဧပြီလ တွင် ဂျပန်နိုင်ငံ သို့ မြန်မာအဆင့်မြင့်ခေါင်းဆောင်တစ်ဦး အနေဖြင့် သမိုင်းဝင် ဖိတ်ခေါ်ခဲ့ပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဘက်ကလည်း ၂၀၁၃ခုနှစ် မေလ တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်းအတွင်း ဂျပန်ဝန်ကြီးချုပ် ဘက်က ၂၀၁၄ခုနှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ်ထပ်မံလာရောက်ခဲ့သည့်အပြင် မြန်မာသမ္မတ ဘက်ကလည်း ၂၀၁၅ ဇူလိုင်လ တွင် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစဉ် ထပ်မံသွားရောက်သည်အထိ ဆက်ဆံရေးအရှိန်မြှင့်ခဲ့ကြသည်။ထိုကာလထဲမှာပင် ဒီမိုကရေစီအရေးတိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျပန်နိုင်ငံ က နီးကပ်သည့် ဆက်ဆံရေးထားရှိသည်။[၁၂][၁၃]မြန်မာနိုင်ငံသို့လာစဉ်တွေ့ဆုံခြင်း နှင့် ဂျပန်နိုင်ငံ သို့ ဖိတ်ခေါ်ခြင်းများရှိခဲ့သည်။ အလားတူ သမ္မတဦးထင်ကျော် အစိုးရအဖွဲ့ လက်ထက်၊သမ္မတဦးဝင်းမြင့် အစိုးရအဖွဲ့ လက်ထက် တို့တွင်လည်း ဂျပန်-မြန်မာဆက်ဆံရေး ခိုင်မာခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ရက် မှ ၅ရက်နေ့အထိ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည်။ [၁၄]သမ္မတဦးထင်ကျော် ကိုလည်း ဂျပန် နိုင်ငံ သို့ဖိတ်ကြားခဲ့သည့် အပြင် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များက စဉ်ဆက်မပြတ်ရှိခဲ့သည်။[၁၅] စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၂၀၁၀ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဂျပန်နိုင်ငံသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံတွင် တိုးမြှင့်ခဲ့သည်။[၁၆] ၂၀၁၃ ခုနှစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များပါ လိုက်ပါလာကြပြီး ကြီးမားသည့် ရင်းနှီးမြှပ်နှံမှုများအား မြန်မာတွင်ပြုလုပ်ကြသည်။၂၀၁၅ ခုနှစ်တွင် ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းမှုဖြင့် သီလဝါအထူးစီးပွားရေးဇုန် အား ဖွင့်လှစ်သည်။အထင်ကရ ကုမ္ပဏီကြီးများလည်း လာရောက် ရင်းနှီးမြှပ်နှံကြသည်။ ဂျပန်နိုင်ငံ၏ထင်ရှားသည့် အကူအညီများဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ အပူပိုင်းဇုံ သစ်တောထိန်းသိမ်းရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေး၊ ရေရရှိရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် ဦးစားပေးနယ်ပယ်များတွင် အကူအညီ (ODA Grant)များ ပေးအပ်လျက်ရှိသည်။အောက်ပါ အကြောင်းအရာများမှာ အထူးထင်ရှားသည်။
၂၀၂၁နောက်ပိုင်း အခြေအနေ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် ၁၃ ရက်အကြာတွင် ထောင်နှင့်ချီသော ဆန္ဒပြသူများက တိုကျိုတွင် ဆန္ဒပြခဲ့ကြသည်။[၁၈]ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ဖေဖော်ဝါရီ ၂၈ ရက်တို့တွင် မြန်မာနိုင်ငံအာဏာသိမ်းမှုကို နှစ်ကြိမ်တိုင်တိုင် ရှုတ်ချခဲ့ပြီး ထောင်သွင်းအကျဉ်းချခံနေရသူများအား ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်။[၁၉] ၂၀၂၁ ခုနှစ် မေလ ၄ ရက်နေ့ မြန်မာနိုင်ငံဆန္ဒပြပွဲအတွင်း ဂျပန်သတင်းထောက် Yuki Kitazumi ဖမ်းခံရသည်။ မမှန်သတင်းများ ဖြန့်ဝေသည်ဆိုသောစွပ်စွဲချက်ဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးဖမ်းခံလိုက်ရသည့် နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ၏ ဖိအားနှင့်မေတ္တာရပ်ခံများကြောင့် ၂၀၂၄ ခုနှစ် မေလ ၁၃ရက်နေ့တွင် စစ်ကောင်စီက သတင်းထောက်ကို အမှုရုပ်သိမ်းပြန်လွှတ်ခဲ့သည်။[၂၀] ထိုကာလနောက်ပိုင်း ဂျပန်က မြန်မာ့အရေးဆောင်ရွက်သူများဖြစ်သည့် ဂျပန်-မြန်မာချစ်ကြည်ရေးဥက္ကဋ္ဌ ဝါတာနာဘေး[၂၁] နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆာဆာကာဝါ တို့အား ဆက်တိုက်စေလွှတ်ကာ မြန်မာ့အရေး ကိုကြားဝင်ခဲ့သည်။ယင်းအပြင် ပြန်လည်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်းတိုက်ပွဲများ ရပ်စဲရေးအပေါ်ကိုလည်း ဆာဆာကာဝါက ကြားဝင်ပေးသည်။[၂၂] တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် စောဘလှသိန်းကိုလည်း နိုင်ငံအတွင်းရုံးခန်း ဖွင့်ခွင့်ပေးခဲ့သည်။၂၀၂၄ ခုနှစ် မေလ အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် K3C စုဖွဲ့မှု ခေါင်းဆောင်ပိုင်းများအား ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပြီး ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့သည်။[၂၃][၂၄] ယဉ်ကျေးမှုဖလှယ်မှုဂျာနယ်ကျော် မမလေး၏ နာမည်ကျော် “သွေး” ဝတ္တုအား ဂျပန်ဒါရိုက်တာ Koji Chino က ၂၀၀၃ ခုနှစ်တွင် ပထမဦးဆုံးသော ဂျပန်-မြန်မာ ချစ်ကြည်ရေး ပူးပေါင်း ရုပ်ရှင် ရိုက်ကူးမှုအနေဖြင့် ဆောင်ရွက်ခဲ့သည်။အင်္ဂလိပ်ဘာသာဖြင့် "The bonds of blood" ၊ဂျပန်ဘာသာဖြင့် "Chi no Kizuna" ဟု အမည်ပေးထားသည့် “သွေး”ရုပ်ရှင် သည် အထူးထင်ရှားခဲ့သည်။[၂၅]ဂီတပူးပေါင်းဖလှယ်ရေး အစီစဉ်အရ မြန်မာနိုင်ငံက Iron Cross ဂီတအဖွဲ့အား ၂၀၁၀ပြည့်နှစ် တွင် တိုကျိုမြို့ သို့ ဖိတ်ကြားကာ သီဆိုဖျော်ဖြေစေခဲ့သည်။ထို့အပြင် မြန်မာ-ဂျပန် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ၏အမျိုးသားသင်္ကေတ ချယ်ရီပင် များအား ၂၀၁၇ ဇန်နဝါရီ ၂၉ ရက်ကစပြီး နေပြည်တော်၊ လွှတ်တော်သွားရာ လမ်းတစ်လျှောက် ချယ်ရီပင် ၁၀၀ ကို စိုက်ပျိုးခြင်းဖြင့် နေပြည်တော်အပါအဝင် ရန်ကုန်၊ ချင်းပြည်နယ်၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကလောနှင့် အင်းလေးဒေသတို့တွင် ဆက်တိုက် စိုက်ပျိုးလျှက်ရှိသည်။ မြန်မာနိုင်ငံက ရန်ကုန် အပါအဝင် ပုသိမ် နှင့် မော်လမြိုင် အစရှိသည့် မြို့များ နှင့် ဂျပန်နိုင်ငံ ရှိ မြို့များအား ညီအမမြို့များ အဖြစ် သတ်မှတ်ပြီး ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia