မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (အင်္ဂလိပ်: Myanma Pearl Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သမိုင်းကြောင်းမြန်မာနိုင်ငံတွင် မွေးပုလဲထုတ်လုပ်မှုလုပ်ငန်းကို ၁၉၅၄ ခုနှစ်၌ မြိတ်ကျွန်းစုတွင် စတင်ခဲ့ပြီး ဂျပန်နိုင်ငံ ကိုဘေးမြို့တွင် အခြေစိုက်သောSouth Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ရောင်းဝယ်ရေးဆင်ဒီကိတ်တို့ ဖက်စပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၃ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့မှစ၍ ပြည်သူပိုင်သိမ်းယူခဲ့ပြီး ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်း ကော်ပိုရေးရှင်းဟူသော အမည်ဖြင့် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်း ကော်ပိုရေးရှင်း အမည်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၈၆ ခုနှစ် တွင် သတ္တုတွင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ခဲ့ရပြီး ပုလဲမွေးမြူရေးနှင့် ထုတ်လုပ်ရေး ဌာနခွဲ အမည်ဖြင့် ဆားလုပ်ငန်းကော်ပိုရေးရှင်းနှင့် ပူးပေါင်း ဖွဲ့စည်းခဲ့သည်။၁၉၈၉ ခုနှစ်တွင် မြန်မာ့ပုလဲရတနာ ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းပြီး သီးခြားရပ်တည်ခဲ့သည်။ (၁.၄.၈၉)ရက်နေ့တွင် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပုလဲမွေးမြူရေးသာမက ရောင်းချရေးလုပ်ငန်းများကိုပါ ဆောင်ရွက် ခဲ့သည်။[၁] ဖွဲ့စည်းပုံ
ပုလဲမွေးမြူထုတ်လုပ်လျက်ရှိသောကျွန်းစခန်းများမြန်မာနိုင်ငံတွင် ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပိုင် ကျွန်းစခန်း(၁)ခု၊ ပြည်တွင်းဖက်စပ် ကုမ္ပဏီ(၆)ခု၏ ကျွန်းစခန်း(၇)ခုနှင့် ပြည်ပဖက်စပ်ကုမ္ပဏီ(၄)ခု၏ ကျွန်းစခန်း(၄)ခု စုစုပေါင်း ကျွန်းစခန်း(၁၂)ခုရှိသည်။
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်
တည်ရှိရာဒေသ- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ဝယ်ရေး လုပ်ငန်းမြန်မာ့ ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဆက်စပ်ကြည့်ရှုရန်
ကိုးကား
|
Portal di Ensiklopedia Dunia