အမှတ် (၂) သတ္တုတွင်း လုပ်ငန်း (အင်္ဂလိပ်: No (2) Mining Enterprise)သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုရေးရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
ဓာတ်သတ္တုပစ္စည်းရှာဖွေထုတ်လုပ်ရေးကော်ပိုရေးရှင်း လက်အောက်ရှိခဲမဖြူ၊အဖြိုက်နက်တူးဖော်မှုလုပ်ငန်းကိုသီးခြားဆောင်ရွက်ရန်(၁၅.၃.၁၉၇၂)ရက်နေ့တွင် မြန်မာ့ခဲမဖြူအဖြိုက်နက် ကော်ပိုရေးရှင်းအဖြစ်ဖွဲ့စည်း၍(၁.၄.၁၉၇၆)ရက်နေ့တွင် အမှတ်(၂)သတ္တုတူးဖော်ထုတ်လုပ်ရေးကော်ပိုရေးရှင်းအဖြစ်လည်းကောင်း၊(၁.၅.၁၉၈၉)ရက်နေ့တွင် အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအဖြစ်လည်းကောင်း ပြောင်းလဲခေါ်ဆိုခဲ့သည်။
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေဖြင့် ရွှေ၊ခဲမဖြူ၊ အဖြိုက်နက်သတ္တုများထုတ်လုပ်ခြင်း၊ကျိုချက်သန့်စင်ခြင်းလုပ်ငန်းများ၊ရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်သည်။ ဌာနအနေဖြင့် အကြီးစားရွှေသတ္တုတူးဖော်မှုလုပ်ငန်းအားကုမ္ပဏီ(၆)ခုဖြင့် ဖက်စပ်လုပ်ကိုင်လျက်ရှိပြီးအသေးစားလုပ်ကွက်များအား ဧက(၂၀)နှင့်အောက်သတ်မှတ်၍ကုမ္ပဏီများနှင့်ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။ ခဲမဖြူ-အဖြိုက်နက်နှင့်ရောရာသတ္တုများ အဆင့်မြှင့်တင်သည့်စက်ရုံ(လွိုင်ကော်)နှင့် ခဲမဖြူသတ္တုစင်စက်ရုံ(သန်လျင်)တို့အား ဌာနပိုင်အနေဖြင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။[၁]
ဖွဲ့စည်းပုံ
ဦးဆောင်ညွှန်ကြားရေးမှူး
- ညွှန်ကြားရေးမှူး (ထုတ်လုပ်)
- ခဲမဖြူသတ္တုစင်စက်ရုံ (သန်လျင်)
- သတ္တုတွင်းစီမံကိန်းရုံး (မွန်)
- သတ္တုတွင်းစီမံကိန်းရုံး (ကရင်)
- သတ္တုတွင်းစီမံကိန်းရုံး (ပဲခူး/ကချင်)
- သတ္တုတွင်းစီမံကိန်းရုံး (ကယား/ရှမ်း/မန္တလေး)
- သတ္တုတွင်းစီမံကိန်းရုံး (စစ်ကိုင်း)
- ညွှန်ကြားရေးမှူး (စီမံ)
- အထွေထွေမန်နေဂျာ
- သတ္တုတွင်းစီမံကိန်းရုံး (တနင်္သာရီ)
လုပ်ငန်းများ
တာဝန်ယူဆောင်ရွက်နေသောသတ္တုအမျိုးအစားများ
- ခဲမဖြူ(Tin)
- တန်တလိုက်-နိုင်အိုဘီယမ်(Tantalum-Niobium)
- တိုင်တေနီယမ်(Titanium)
- ဗနေဒီယမ်(Vanadium)
- ဘစ်စမတ်(Bismuth)
- မိုလစ်ဒီနမ်(Molybdenum)
- ရှားပါးသတ္တုများ(Rare Earth Minerals)
- စီလီနီယမ်(Selenium)
- ဆီစီယမ်(Cesium)
- ဂါလီယမ်(Gallium)
- ဂျာမလီယမ်(Germallian)
- တက်ခ်နီယမ်(Technetium)
- ပိုလိုနီယမ်(Polonium)
- ဗယ်ရယ်လီယမ်(Beryllium)
- မြေရှားဒြပ်စင်(Rare Earth Elements)
- Cerium
- Dysprosium
- Erbium
- Europium
- Gadolinium
- Holmium
- Lanthanum
- Lutelium
- Neodymium
- Praseodymium
- Promethium
- Samarium
- Scandium
- Terbium
- Thulium
- Ytterbium
- Yttrium
- ရူဘီဒီယမ်(Rubidium)
- လစ်သီယမ်(Lithium)
- ဟဖ်နီယမ်(Hafnium)
- အင်ဒီယမ်(Indium)
- ရေဒီယိုသတ္တိကြွတွင်းထွက်(Radioactive Minerals)
- ယူရေနီယမ်(Uranium)
- သိုရီယမ်(Thorium) etc
- ရွှေ(Gold)
- ရွှေဖြူ(Platinum Group Mineral)
- Iridium
- Osmium
- Palladium
- Platinum
- Rhodium
- Ruthenium
- အဖြိုက်နက်(Tungsten)
- အလေးစီးတွင်းထွက်များ(Heavy Minreal)
- Ilmenite
- Leucocene
- Monazite
- Magnetite
- Rutile
- Sphene
- Xenotime
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
|
---|
|
အုပ်ချုပ်ရေး | In government | |
---|
ပြည်ပရောက် အစိုးရအဖွဲ့ | |
---|
|
---|
ဥပဒေပြုရေး | In government | |
---|
ပြည်ပရောက် အစိုးရအဖွဲ့ | |
---|
|
---|
တရားစီရင်ရေး | |
---|
ဝန်ကြီးဌာနများ | |
---|
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ | |
---|
ကော်မရှင်များ | |
---|
ဥပဒေစိုးမိုးရေး | |
---|
|
|
---|
ဦးစီးဌာနနှင့် လုပ်ငန်းဌာနများ | |
---|
အမျိုးသားဥယျာဉ်များ | |
---|
ဘေးမဲ့တောများ | |
---|
တိရစ္ဆာန်ဥယျာဉ်များ | |
---|
ဥယျာဉ်များ | |
---|
ဆင်စခန်းများ | |
---|
သတ္တုတွင်းများ | |
---|