တပ်မတော်ဒုံးတပ်ဖွဲ့ သည်မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ "ဒုံးတပ်ဖွဲ့" ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း) နှင့် ပို၍ဆက်စပ်မှုရှိလေသည်။
လက်ရှိ တပ်မတော်ဒုံးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃) ခန့်အပ်ထားသည်။
ဖွဲ့စည်းပုံ
တပ်မတော်၏ ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး (အတိုကောက်:ကကဒုံး) ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး (ကကဒုံး)လက်အောက်တွင် ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၂)ခု၊ ဒုံးတပ်ရင်းများ နှင့် ဒုံးတပ်ဖွဲ့အင်ဂျင်နီယာတပ်များဖြင့် အဆင့်အဆင့်ဖွဲ့စည်းထားသည်။[၁]
ဒုံးတပ်ဖွဲ့ကိုအောက်ပါအတိုင်းဖွဲ့စည်းထားသည် -
- ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
- ဒုံးတပ်ဖွဲ့လေ့ကျင့်ရေးသင်တန်းကျောင်း
- ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (၂)ခု
- ဒုံးတပ်ရင်းများ
- ဒုံးတပ်ဖွဲ့ ပြုပြင်ပြင်ဆင်ရေးတပ်များ
ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်များ
ဒုံးစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (၂) အားဖွဲ့စည်းထား၍ အောက်ပါအတိုင်းဖြစ်သည် -
- အမှတ် (၁) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ကျောက်ပန်းတောင်းမြို့
- အမှတ် (၂) ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - လွိုင်လင်မြို့
ဒုံးတပ်ရင်းများ
(ကကဒုံး) လက်အောက်ရှိ ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၂) ခု ၏ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည် -
- အမှတ် (၆၀၁)ဒုံးတပ်ရင်း - ဥသျှစ်ပင်မြို့
- အမှတ် (၆၀၂)ဒုံးတပ်ရင်း - ကျိုက်ထိုမြို့
- အမှတ် (၆၀၃) ဒုံးတပ်ရင်း - မိုးညှင်းမြို့
- အမှတ် (၆၀၄)ဒုံးတပ်ရင်း - ရေတာရှည်မြို့
- အမှတ် (၆၀၅) ဒုံးတပ်ရင်း - လှည်းကူးမြို့နယ် ၊ ဖောင်ကြီး
- အမှတ် (၆၀၆) ဒုံးတပ်ရင်း - နောင်ချိုမြို့
- အမှတ် (၆၀၇) ဒုံးတပ်ရင်း - နေပြည်တော်မြို့ ၊ ပေါင်းလောင်းဆည်
- အမှတ် (၆၀၈) ဒုံးတပ်ရင်း - ကျောက်ပန်းတောင်းမြို့
- အမှတ် (၆၀၉) ဒုံးတပ်ရင်း - ကျောက်ပန်းတောင်းမြို့
- အမှတ် (၆၁၀) ဒုံးတပ်ရင်း - ကျိုင်းတုံမြို့
- အမှတ် (၆၁၁) ဒုံးတပ်ရင်း - တန့်ယန်းမြို့
- အမှတ် (၆၁၂) ဒုံးတပ်ရင်း - လွိုင်လင်မြို့
- အမှတ် (၆၁၃) ဒုံးတပ်ရင်း - ကွမ်းလုံမြို့
- အမှတ် (၆၁၄) ဒုံးတပ်ရင်း - ပင်လောင်းမြို့
- အမှတ် (၆၁၅) ဒုံးတပ်ရင်း - (တပ်နေရာမသိ)
- အမှတ် (၆၁၆) ဒုံးတပ်ရင်း - မိုးမောက်မြို့နယ် ၊ နွယ်မလန်းကျေးရွာ
ဒုံးပစ်စနစ်များ
ပုံများ
|
မော်ဒယ်
|
မျိုးကွဲ
|
ထုတ်လုပ်သည့်နိုင်ငံ
|
အရေအတွက်
|
အချကိအလက်
|
ဒုံးပစ်စနစ်များ
|
|
Weishi Rockets |
SY-400 |
China[၂] |
မသိရှိ |
300မီလီမီတာ ဘက်စုံသုံး ဒုံးပျံလောင်ချာစနစ်နှင့် BP-12A ပဲ့ထိန်းဒုံးကျည်။ ပထမအသုတ်ကို 2020 ခုနှစ်တွင် လက်ခံရရှိခဲ့သည်။[၂][၃]
|
|
M-1985
|
M-1991[၄]
|
North Korea
|
၃၀ခန့်[၆][၇][၄][၈][၉]
|
၂၄၀ မီလီမီတာဒုံးပစ်စနစ်[၁၀] မြန်မာ တွင် အသုံးပြုနေသော M-1991 ဗားရှင်း Iveco Eurotrakker 380E42 6x6 ထရပ်ကားပေါ်တွင် တပ်ဆင်ထားသည့် ဒုံးပစ်ပြွန် ၁၂ ခုသာ ရှိသည်။ မြောက်ကိုရီးယား 2008 နှင့် 2010 ခုနှစ်တွင် လက်ခံရရှိသော ကြီးမားသော ထရပ်ကားဖြင့် တပ်ဆင်ထားသော ဒုံးပျံလောင်ချာစနစ်နှစ်ခုပါဝင်သည်။[၁၁][၉]
|
|
MAM-02 (MA240)
|
|
Myanmar
|
၂၀၀အထက် [၁၂]
|
M-1991 ၂၄၀မီလီမီတာ ဒုံးပစ်စနစ် ကို အခြေခံ၍ 2010 ခုနှစ်တွင် မြောက်ကိုရီးယား မှ လက်ခံရရှိခဲ့သည်။ ပြည်တွင်းတွင်လိုင်စင်ယူ ထုတ်လုပ်လျက်ရှိသည်။[၁၃][၁၄][၁၅]ဒုံးပစ်ပြွန် ၁၂ခုပါရှိပြီး ပြည်တွင်းထုတ် Mil-truk 6x6ထရပ်ကားပေါ်တွင်သယ်ဆောင်ထားသည်။ [၁၂]
|
|
BM-21 Grad |
9P138 "Grad-1"
|
Russia
|
၂၃၀ခန့် [၁၆]
|
2001 ခုနှစ်တွင် Thailand နှင့် Border Post-9631 တိုက်ပွဲတွင် အသုံးပြုခဲ့သည်။ 2020 ခုနှစ်အထိ 100 မျှသာ အသုံးပြုခဲ့သည်။ ၎င်းတို့ကို MAM-01 ၏ တာတိုင်များနှင့် ဒုံးပစ်လောင်ချာများဖြင့် အဆင့်မြှင့်တင်ထားသည်။ ကျန်သည့် 9P138 "Grad-1" ကို MAM-01 နဲ့ အစားထိုးထားခဲ့သည်။[၁၇]
|
|
Type 81
|
Type 81
|
China[၁၈]
|
၂၀ခန့်[၁၈]
|
2010 ခုနှစ်တွင် မှာယူခဲ့ပြီး 2012 ခုနှစ်တွင် လက်ခံရရှိခဲ့ပါသည်။ 69 ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား (2014) တွင် ထုတ်ဖော်ပြသခဲ့သည်။[၁၈]
|
|
Type 90B
|
၂၀ခန့်[၁၈]
|
2004 ခုနှစ်တွင် မှာယူခဲ့ပြီး 2006 ခုနှစ်တွင် လက်ခံရရှိခဲ့ပါသည်။ ယခုချိန်ထိ လူအများအား ထုတ်ဖော်ပြသခြင်း မရှိသေးပါ။[၁၈]
|
|
MAM-01 (MA122)
|
MAM-01 (အစောပိုင်းမျိုးဆက်)[၆]
|
Myanmar
|
မသိရှိ
|
122မီလီမီတာဒုံးပစ် စနစ်။ MAM-01 ဒုံးပစ်လွှတ်သည့် ဒုံးပျံစနစ်၏ ပထမဆုံးဗားရှင်း။ မြောက်ကိုရီးယား ၏ BM-11 နည်းပညာကို အခြေခံထားသည်။ 2004 ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အရေအတွက်မှာ 40 ထက်တွင်ရှိသည်။ စနစ်တစ်ခုစီတွင် Iveco Eurotrakker 380E42 6x6 ထရပ်ကားပေါ်တွင် တပ်ဆင်ထားပြီး ဒုံးပစ်ပြွန် 40 ရှိပါသည်။
|
|
MAM-01 (အဆင့်မြှင်တင်ထားသောမျိုးဆက်)
|
၁၈၀အထက်[၆]
|
ဒစ်ဂျစ်တယ်ထိန်းချုပ်မှုစနစ်ဖြင့် MAM-01 ဒုံးပစ်မျိုးကွဲများကို အဆင့်မြှင့်ထားပြီး ဒုံးပျံအမျိုးအစားများ၏ အကွာအဝေးကို ၃၅-၄၀ကီလိုမီတာအထိ တိုးမြှင့်ထားသည်။[၆]တရုတ်နှင့် မြောက်ကိုရီးယား ဒီဇိုင်းကို အခြေခံထားသည်။ စနစ်တစ်ခုစီတွင် ပြည်တွင်းထုတ် Mil-truk ကိုယ်ထည်ပေါ်တွင် တပ်ဆင်ထားသည့် ဒုံးပစ်ပြွန် ၄၀ ရှိသည်။ ဤမျိုးကွဲသည် 2010 ခုနှစ်ကတည်းက အမြောက်အမြား ထုတ်လုပ်ခဲ့သည်။[၆]
|
|
MAM-01B
|
၁၀၀အထက်
|
MAM-01 ဒုံးပစ်လွှတ်သည့် ဒုံးပျံစနစ်များ၏ နောက်ဆုံးဗားရှင်း။ 2019 ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည်။ စနစ်တစ်ခုစီတွင် ယူကရိန်းနိုင်ငံ ၏ KrAZ-540 1NE ထရပ်ကားနှင့်ဆင်တူသည့် ပြည်တွင်းလုပ် Mil-truk 6x4 ထရပ်ကားအသစ်တွင် တပ်ဆင်ထားပြီး ဒုံးပစ်ပြွန် ၄၀ ပါရှိသည်။
|
|
|
MAM-03
|
၄၀အထက်
|
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ထုတ်ဖော်ပြသခဲ့သည်။
|
 |
Type 63
|
|
China
|
၃၀ခန့်[၁၂]
|
၁၀၇မီလီမီတာသုံး ဒုံးပစ်စနစ်။ ၁၉၉၇တွင်လက်ခံရရှိသည်။ [၁၂]
|
အခြားလေ့လာရန်
ကိုးကား