၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေး၌ ကျဆုံးသွားသူများ စာရင်း၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာနိုင်ငံ အာဏာသိမ်းခံရသည့်အတွက် မခံမရပ်နိုင်သော လူထုမှ မြန်မာ့နွေဦးတော်လှန်ရေးအမည်ဖြင့် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများ ပြုလုပ်လျက် ရှိကြသည်။ ဆန္ဒပြပွဲများတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းများ၊ ထိုင်သပိတ်ပြုလုပ်ခြင်းများစွာ ပါဝင်သော်လည်း အာဏာပိုင်များဘက်က နှိမ်နင်းမှုများကြောင့် မတ်လ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ၅၁၀ ဦးခန့် သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။ [၁] လွတ်လပ်သောသတင်းမီဒီယာများက သတင်းရယူရန်ခက်ခဲသောကြောင့်လည်းကောင်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်အင်တာနက်များပိတ်ပင်ခံထားရမှုကြောင့်လည်းကောင်း တော်လှန်ရေး၌ ကျဆုံးသူ (သို့) သေဆုံးသူ ဦးရေကို ထုတ်ပြန်ရာ၌ သတင်းအဖွဲ့များတွင် တစ်ခုနှင့်တစ်ခု ကွဲလွဲနိုင်ပေသည်။ ဤဆောင်းပါးတွင် ကျဆုံးသူစာရင်းပါပုဂ္ဂိုလ်များ၏ နာမည်များကို နေ့ရက်၊ ကျဆုံးရာနေရာများနှင့်တကွ ဖော်ပြထားသည်။ ![]() ≥၂၀၀ ၁၀၀-၁၉၉ ၅၀-၉၉ ၁၀-၄၉ ၁-၉ ကျဆုံးသွားခဲ့သူများ စာရင်း
နေနေဝင်းထက်မြိတ်မြို့မှ ၁၈ နှစ်ရွယ် ၎င်းလူငယ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁၄ ညတွင် မီးကင်းစောင့်ရာ ခေါင်းကို ပြင်းထန်စွာ ရိုက်နှက်ခံရပြီး နောက်တနေ့ ရန်ကုန်သို့ ဆေးကုရန် ပို့အလာ လမ်းခုလတ်ဝယ် အသက်မမီခဲ့ပေ။[၃] မြသွဲ့သွဲ့ခိုင်ဝေယံထွန်းဖေဖော်ဝါရီ ၂၀ တွင် မန္တလေး၊ ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြလူထုကို ရဲနှင့်စစ်သားများက တစ်နေ့လုံး အကြမ်းဖက် ဖြိုခွဲရာ ညနေ ၄ နာရီတွင် ၁၆ နှစ်အရွယ် မောင်ဝေယံထွန်းသည် ခေါင်းကျည် ထိမှန်ကာ ပွဲချင်းပြီး ဆုံးပါးသည်။ နာရေးအခမ်းအနားကို မြစ်သားမြို့ရှိ နေအိမ်တွင် ပြုလုပ်သည်။ မန္တလေး ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ အလောင်း ထုတ်ယူခွင့် ရရှိသည့် ဖေဖော်ဝါရီ ၂၁ ညနေ လေးနာရီခွဲတွင်ပင် ကျေးရွာသုဿာန်၌ ဂူသွင်းသည်။ ဆန္ဒပြပွဲတွင် ၎င်းအပြင် အခြားလူတဦးပါ ကျဆုံးခဲ့ပြီး၊ ၁၄ ဦးခန့် ဒဏ်ရာရသည်။ [၄] ဝေယံထွန်းသည် သင်္ဘောကျင်းအနီးရှိ ၄၁ လမ်း ညဈေးသို့ လွန်ခဲ့သော သုံးနှစ်က ရောက်ရှိလာပြီး၊ တွန်းလှည်း ဆွဲ၍ အသက်မွေးသည်။ ဖုန်းနှင့် ဆိုင်ကယ် လိုချင်သည်ဟု ဆိုကာ သံဗူးဖြင့် ငွေစုနေသူ ဖြစ်သည်။ သေနတ်ပစ်ခံရသော သူ့ကို တွန်းလှည်းပေါ် တင်နေစဉ် သူပြောလိုက်သည့် "သား မရတော့ဘူး" ဟူသော စကားသည် နိုင်ငံကျော်သွားသည်။ [၅] ညီညီအောင်ထက်နိုင်Myanmar Net ၏ နက်ဝပ်အင်ဂျင်နီယာ အဖြစ် လုပ်ကိုင်သော ညီညီအောင်ထက်နိုင်သည် ပြည်လုံးကျွတ်ပါဝင်ဆင်နွှဲသည့် နို့လက်ဖက်ရည်မဟာမိတ် စုပေါင်းဆန္ဒပြပွဲနေ့လယ်း ဖြစ်ပြီး နိုင်ငံတကာက သွေးစွန်းသော တနင်္ဂနွေဟု သမုတ်သော ဖေဖော်ဝါရီ ၂၈ တွင် ရန်ကုန်၊ လှည်းတန်း အကြမ်းဖက်မှု၌ နံနက် ၉:၂၀ တွင် ဝမ်းဗိုက်၌ ကျည်သင့်ကာ ကျဆုံးသွားသည်။ မတ်လ ၂ ရက်နေ့ မွန်းတည့်ချိန်တွင် သိန်းချီသော လူအုပ်က လိုက်ပါပို့ဆောင်ခဲ့ပြီး လူငယ်ကို လှော်ကားသုဿာန်၌ ဂူသွင်းခဲ့သည်။ ယင်းတွင် ကိုကိုအောင်ထက်နိုင်ဟူသော အမြွှာအစ်ကို ရှိသည်။[၆] ကျဆုံးသွားရာ ကမာရွတ်၊ အထက ၅ ရှေ့တွင် ပြည်သူများက လွမ်းသူ့ပန်းစည်းများ၊ ပန်းခြင်းများ ချကာ ညတွင် ဖယောင်းမီးထွန်းညှိပြီး အောက်မေ့အခမ်းအနား ပြုလုပ်သည်။[၇] ကြယ်စင် (ခ) တိန့်ကျားရှီးမန္တလေး၊ ၈၄ လမ်းနှင့် လမ်း ၃၀ ထောင့်တွင် မတ် ၃ အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲအတွင်း အသက် ၁၈ နှစ် အဆိုအက ဝါသနာပါသူ တိုက်ကွမ်ဒို အားကစားသမား ကြယ်စင်သည် ခေါင်းကျည် ထိမှန်ကာ ကျဆုံးသွားသည်။ ဝတ်ဆင်ထားသော အနက်ရောင်တီရှပ်ပေါ်တွင် Everything will be OK ဟူသော စာတန်းဖြူ ရိုက်နှိပ်ထားသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လှူဒါန်းသည်ဟု ကြိုတင်စာရေးသားခဲ့ရာ လူမှုကွန်ယက်များတွင် ပြန့်နှံ့သွားပြီး၊ နိုင်ငံတကာသတင်းဌာနများစွာက သတင်းဖော်ပြခဲ့ကြသည်။[၈] ခင်မျိုးချစ်မတ်လ ၂၃ ညနေပိုင်း လေးနာရီခန့်၌ စစ်ကောင်စီ၏ လက်နက်ကိုင်စစ်သားများက မန္တလေးမြို့၊ အောင်ပင်လယ်အရပ်တွင် ကား၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာခဲ့ကြသည်။ နေအိမ်တစ်ခုအတွင်းသို့ တံခါးများကိုကန်ကျောက်၍ ဝင်ရောက်လာခဲ့ကာ လူအကုန်လုံးအား ထိုင်ရန်အမိန့်ပေးခဲ့သည်။ ထိုအချိန်မတိုင်မီကတည်းက ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးက ထိုအကြမ်းဖက်စစ်သားများကို ကြောက်၍ ဖခင်၏ရင်ခွင်တွင်ခိုဝင်ခဲ့၏။ အိမ်ရှိလူအကုန် ဟုတ်မဟုတ် မေးမြန်းခဲ့ပြီး လိမ်လည်ဖြေဆိုသည်ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ခင်မျိုးချစ် ခေါ် အသက် ၇ နှစ်အရွယ် မိန်းကလေးကို (ဝမ်းဗိုက်နေရာ) ကျည်ဆန်ထိမှန်ခဲ့သည်။ ထို့နောက် အသက် ၁၉ နှစ်အရွယ်ရှိ မိန်းကလေး၏ အစ်ကိုကိုလည်း ရိုက်နှက်ကာ ခေါ်ဆောင်သွားကြသည့်အပြင် ခင်မျိုးချစ်ကိုပါ ၎င်းတို့တို့ဆီသို့ ပေးရန်အမိန့်ပေး၏ ။ ဖခင်ဖြစ်သူကငြင်းဆိုခဲ့ပြီး စစ်သားများပြန်သွားသောအခါ ထိုမိန်းကလေးကို ဆေးရုံသို့သွားရောက်ပြသခဲ့သော်လည်း ကယ်ဆယ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။[၉] ကိုးကား
ပြင်ပလင့်ခ် များ
|
Portal di Ensiklopedia Dunia