မြန်မာနိုင်ငံပြန်တမ်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်း (အင်္ဂလိပ်: Republic of the Union of Myanmar Gazette) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပြန်တမ်းဖြစ်သည်။ မြန်မာနိုင်ငံပြန်တမ်းသည် ပြည်ထောင်စုအစိုးရ၏ အမိန့်ကြော်ငြာစာ၊ အမိန့်ထုတ်ပြန်ချက်၊ ဥပဒေ/ နည်းဥပဒေ ပြင်ဆင်ချက်၊ ရာထူးတာဝန်ခန့်အပ်မှု၊ အစိုးရအဖွဲ့၏ မှတ်တမ်းများပါဝင်သည့် အစိုးရပိုင် စာစောင်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက အပတ်စဉ် ထုတ်ဝေသည်။ မြန်မာနိုင်ငံပြန်တမ်း အပိုင်း ၁ တွင် အစိုးရ၏ အမိန့်ကြော်ငြာစာ၊ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်းတို့နှင့်ပတ်သက်သည့် ကိစ္စများ၊ တရားရေးနှင့် ပတ်သက်သည့်ကိစ္စများ၊ အခွန်အယူခံခြင်းနှင့် ပတ်သက်သည့်ကိစ္စများ၊ ရာထူးအဆင့်တိုးမြှင့်ခန့်ထားမှုများ ပါဝင်သည်။ အပိုင်း ၂ တွင် ရာထူးတာဝန်အရွှေ့အပြောင်းနှင့် ဆိုင်သည့်ကိစ္စရပ်များ ပါဝင်သည်။ အပိုင်း ၄ တွင် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များပါဝင်သည်။[၁] သောကြာနေ့တိုင်း မြန်မာဘာသာဖြင့် ထုတ်ဝေသည်။[၁] အမည်များခေတ်အဆက်ဆက်တွင် အမည်အမျိုးမျိုး ပြောင်းလဲခဲ့သည်။
မှတ်တမ်းမိတ္တူများအမျိုးသားမော်ကွန်းတိုက်အဖြစ် ဆောင်ရွက်သော အမျိုးသားစာကြည့်တိုက်တွင် ၁၈၇၅ မှ ၁၉၂၅ ခုနှစ်အထိထုတ်ဝေခဲ့သော ဘားမားဂေဇက်များကို မိုက်ခရိုဖလင်များဖြင့်လည်းကောင်း၊ ၁၉၇၅ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ထုတ်ဝေခဲ့သည်များကို စာစောင်မိတ္တူများအနေဖြင့်လည်းကောင်း ထိန်းသိမ်းထားရှိသည်။[၂] ဂျပန်ကိုလိုနီခေတ်အတွင်း ဒေါက်တာဘမော်အစိုးရက မြန်မာဘာသာအား ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့ရာ ဘားမားဂေဇက် ကဲ့သို့သော တရားဝင်ထုတ်ပြန်မှုများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖြန့်ချိခဲ့သည်။[၃] ဩစတြေးလျအမျိုးသားစာကြည့်တိုက်တွင် ၁၉၇၄ ခုနှစ်မှနောက်ပိုင်းအထိ ထုတ်ဝေခဲ့သော ဘားမားဂေဇက် အားလုံးကို ထိန်းသိမ်းထားရှိသည်။[၁] ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia