တနင်္သာရီ သဘာဝထိန်းသိမ်းရေးနယ်မြေ
တနင်္သာရီ သဘာဝထိန်းသိမ်းရေးနယ်မြေ သည် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် တည်ရှိသည်။ တနင်္သာရီ တောင်တန်း ပေါ်တွင်တည်ရှိပြီး၊ မြောက်ဘက် တနင်္သာရီ အမျိုးသားဥယျာဉ် မှ ထိုင်းနိုင်ငံ နယ်စပ်မျဉ်း၊ Kaeng Krachan National Park၊ထိုင်းနိုင်ငံနှင့် ထိစပ်နေသည်။ အပူပိုင်းမိုးသစ်တောများနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၁၄°၃၆'၊ အရှေ့လောင်ဂျီတွဒ် ၉၈°၁၇'၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် တည်ရှိပြီး၊ အကျယ်အဝန်းမှာ ၁၆၉၉.၉၉ စတုရန်းကီလိုမီတာ ဖြစ်သည်။ စတင်တည်ထောင်သည် ခုနှစ်မှာ ၂၀၀၅ ခုနှစ်ဖြစ်သည်။ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးနယ်မြေ၏ ၇၅% ကို အမြဲစိမ်းတောများဖုံးလွှမ်းထားပြီး ရွက်ကြွေတော(ဝါး) အမျိုးအစားလည်းရှိသည်။ အာရှဆင် ကျက်စား နေထိုင်နေကြသည်။ ထိုင်းနိုင်ငံရော မြန်မာနိုင်ငံရောပါ အန္တရာယ်ရှိတဲ့မျိုးစိတ်ဖြစ်သော တောင်ငုံးရင်မည်း သို့မဟုတ် ဂါးနီးတောင်ငုံးများကို အများအပြားတွေ့ရှိနိုင်သည်။ တကမ္ဘာလုံးခြိမ်းခြောက်ခံနေရသော နို့တိုက်သတ္တဝါမျိုးစိတ် ၇၀ နီးပါးလည်းရှိသည်။ စစ်ဆေးဆဲ နို့တိုက်သတ္တဝါများ၊ငှက်များ၊ အပင်များလည်းရှိနေပါသေးသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များအဓိကခြိမ်းခြောက်နေသောအန္တရာယ်များ ရွေ့ပြောင်းတောင်ယာများဖြစ်ပြီး၊ တရားမဝင်အမဲလိုက်မှု၊ သစ်ခိုးထုတ်မှုများလည်း ကြုံနေရသည်။ အခြားအန္တရာယ်များ တောမီးများလောင်ကျွမ်းမှုနှင့် ရေကြီးခြင်းတို့ကြောင့် ဧရာမမြေပြိုမှုများဖြစ်သည်။ ထိုပြင့် ထိန်းသိမ်းရေးနယ်မြေ အပြင်ဘက်က ရော်ဘာစိုက်ခင်းများတိုးချဲ့လာမှုကိုလည်း ရင်ဆိုင်နေရသေးသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများသုတေသနလုပ်ငန်းများသစ်တောတက္ကသိုလ်(ရေဆင်း)မှ ထိန်းသိမ်းရေးနယ်မြေရှိ ဝန်ထမ်းများနှင့် ပူပေါင်း၍ လူမှုစီးပွားရေးအခြေအနေနှင့် ပန်းများကို လေ့လာလျက်ရှိပြီး၊ NWCD မှ နို့တိုက်သတ္တဝါနှင့် ငှက်များအကြောင်း၊ ကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီမှ တွားသွားသတ္တဝါများနှင့် ငါးများအကြောင်း လေ့လာခဲ့ကြသည်။ ခရီးသွားလုပ်ငန်းများဤသဘာဝထိန်းသိမ်းရေးနယ်မြေ၌ ခရီးသွားလှည့်လည်သူများအား သွားလာခွင့်မပြုပါ။ ကိုးကား
|
Portal di Ensiklopedia Dunia