ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တည်ရှိသည်။ ပြဒါးလင်းဂူ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ထိန်းသိမ်းရန်နှင့် နို့တိုက်သတ္တဝါများဖြစ်သည့် ဆင်ရိုင်းများ၊ Gaur ခေါ် ပြောင်များ၊ ကျားသစ်၊ စိုင်၊ ဆတ်၊ မျောက်မျိုးစိတ်များစွာ၊ ငှက်မျိုးစိတ်များစွာနှင့် ၎င်းတို့ကျက်စားရာ ပတ်ဝန်းကျင်ဒေသကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၂၀၀၂ ခုနှစ်တွင် ဘေးမဲ့တောနေရာကို စတင်သတ်မှတ်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၁°၀၁'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၂၁'၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ်တွင်တည်ရှိပြီး ၃၃၃.၈၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။[၁] သဘာဝအရင်းအမြစ်များဘေးမဲ့တော၏ သစ်တောအမျိုးအစားမှာ ရွက်ကြွေတောအမျိုးအစားဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် ကယ်လီဖိုနီးယား သိပ္ပံအကယ်ဒမီမှ ဖွတ်မျိုးစိတ်သစ် (Cyrtodactylus chrysopylos) (၁)မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ ခြိမ်းခြောက်နေသောအန္တရာယ်များသစ်ထုတ်လုပ်ခြင်းများရှိနေပြီး၊ လူနေဧရိယာတိုးချဲ့ခြင်းများနှင့် တွေ့ကြုံနေရသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများခရီးသွားလာရေးလုပ်ငန်းရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ကူမဲမြို့မှ ၂၂ မိုင် ၅ဖာလုံခန့်အကွာ ကင်းတားဆည် အနီးတွင် တည်ရှိဖြင့် တနှစ်ပတ်လုံး လာရောက်လှည်ပတ်နိုင်သည်။ အထင်ကရနေရာမှာ ပန်းလောင်တောအတွင်းရှိ ပြဒါးလင်းဂူ (၂)ခု ဖြစ်ပြီး၊ ပြဒါးလင်းဂူ အမှတ်(၁)တွင် လွန်ခဲ့သော ၁၁,၀၀၀ကျော်က နံရံဆေးရေးပန်းချီများကိုတွေ့ရှိနိုင်သည်။ နံရံဆေးပန်းချီအများစုဟာ လက်ဝါးပုံ၊ နေပုံ၊ ငါး၊ သမင်၊ ပြောင်၊ နွားအုပ်ပုံ၊ လူအရိုးခေါင်းပုံများဖြစ်ပြီး ဆေးအနီဖြင့် ရေးခြယ်ထားသည်ကို တွေ့ရသည်။ ဂူ(၂)ခုလုံး၌ တောရိုင်းတိရစ္ဆာန်အရိုးစုများ၊ ကျောက်ခေတ်လူသားရုပ်ကြွင်းများ၊ ရွံစေး မြေထည်များတွေ့ရှိရသည်။ ထို့ကြောင့် ယဉ်ကျေးမှုမနိမ့်ပါးခဲ့သော ကျောက်ခေတ်လူသားတို့၏ ယဉ်ကျေးမှုကို လေ့လာနိုင်မှာ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia