၂၀၁၂ မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ
|
|
ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၄၀ နေရာ အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၆ နေရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာ |
---|
|
ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲထည့်နေသော အမျိုးသမီးတစ်ဦး
မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် [၁] ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခံရသော လွှတ်တော်အမတ်များ အစိုးရအဖွဲ့ ဝန်ကြီးဌာနများတွင် အုပ်ချုပ်ရေး အရာရှိများအဖြစ် တာဝန်ယူရာမှ လစ်လပ်သွားသော အမတ်နေရာများကို ဖြည့်ဆည်းရန် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။
နောက်ခံအကြောင်းအရင်း
ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး၏ လွှတ်တော်အမတ် ၂ နေရာ ပေါင်း ၄၈ နေရာအတွက် ရွေးကောက်တင်မြှောက်ခြင်း ဖြစ်သည်။ သို့သော် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် စသော ၃ မြို့နယ်တွင်မူ လုံခြုံရေး အကြောင်းအရင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။[၂][၃]
ထင်ရှားဖြစ်ရပ်
အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာမူ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေမှ ပါဝင်ခဲ့ရာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်ဖြင့် အနိုင်ရခဲ့သည်။[၄] ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သည့် ၄၄ နယ်မြေအနက် ရှမ်းပြည်နယ် လားရှိုးနယ်မြေ မှလွဲ၍ ၄၃ နေရာကို အနိုင်ရခဲ့သည်။[၅][၆][၇] အန်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၄ နေရာကို ရရှိခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲအချိန်ဇယား
ကြားဖြတ်ရွေးကောက်ပွဲ (၂၀၁၂) အား ကျင်းပမည့် အကြောင်းကို ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် တွင် ကြေညာအသိပေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။
လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာ ၄၀
- ဖားကန့်၊မိုးကောင်း၊ဗန်းမော်၊စစ်ကိုင်း၊ပုလဲ၊မင်းကင်း၊ကျွန်းစု၊လောင်းလုံ၊တောင်ငူ၊ထန်းတပင်၊သနပ်ပင်၊လက်ပံတန်း၊မကွေး၊ရေစကြို၊မြိုင်၊ပခုက္ကူ၊ပွင့်ဖြူ၊ဇမ္ဗူသီရီ၊ပုဗ္ဗသီရီ၊ဒက္ခိဏသီရိ၊ဥတ္တရသီရိ၊ကျောက်ပန်းတောင်း၊နွားထိုးကြီး၊မဟာအောင်မြေ၊တံတားဦး၊မိတ္ထီလာ၊ပြင််ဦးလွင်၊မော်လမြိုင်၊ကော့မှူး၊သုံးခွ၊ဒဂုံ(ဆိပ်ကမ်း)၊မင်္ဂလာတောင်ညွန့်၊လှည်းကူး၊မရမ်းကုန်း၊ကလော၊ပုသိမ်၊မအူပင်၊မြောင်းမြ၊ဝါးခယ်မ၊မြန်အောင်။
မှတ်ချက်။ ဖားကန့်၊မိုးကောင်း နှင့် ဗန်းမော် တို့တွင် လုံခြုံရေးအခြေအနေကြောင့် မကျင်းပဖြစ်ခဲ့ပေ။
လစ်လပ်အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၆ နေရာ
- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)
- စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)
- ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)
- ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)
လစ်လပ်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၂ နေရာ
ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
- ပြည်သူ့ဒီမိုကရေစီပါတီ
- ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
- ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
- လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
- ခေတ်သစ်ပြည်သူ့ပါတီ
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
- အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
- မြန်မာအမျိုးသားကွန်ဂရက်ပါတီ
- မြန်မာ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
- အမျိုးသားဒီမိုကရေစီပါတီသစ်
- ဒီမိုကရက်တစ်ပါတီ (မြန်မာ)
- ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်
ယှဥ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်််းအရေအတွက်
နိုင်ငံရေးပါတီ (၁၇)ပါတီ တို့မှ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၁ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး တို့ ဝင်ပြိုင်ခဲ့ကြပါသည်။
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၃၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၂ ဦး
- တိုင်းဒေသကြီး ၆ ဦး နှင့်
- တစ်သီးပုဂ္ဂလ ၈ ဦး ဖြင့် စုစုပေါင်း ၁၆၉ ဦး ရှိခဲ့သည်။
အမျိုးသမီးကိုယ််စားလှယ်လောင်းပါဝင်မှု
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦး
- အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦး နှင့်
- တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ဖြင့် စုစုပေါင်း ၂၆ ဦး ရှိခဲ့သည်။
မဲဆန္ဒရှင်ဦးရေ
- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၄၆၈၃၂၃၁ ဦး
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက်် မဲဆန္ဒရှင် ၁၆၇၀၁၀၂ ဦး
- လစ်လပ် တိုင််းလွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၁၃၃၃၃၀ ဦး
မဲပေးသူအရေအတွက်
- လစ်လပ်ပြည်သူ့လွှတ်တော်နေရာများအတွက် မဲဆန္ဒရှင် ၃၂၈၂၄၄၂ ဦး (မဲပေးမှု - ၇၀ . ၁၇ ရာခိုင်နှုန်း)
- လစ်လပ်အမျိုးသားလွှတ်တော်နေရာအတွက်် မဲဆန္ဒရှင် ၁၀၅၄၆၁၁ ဦး (မဲပေးမှု - ၆၃ . ၁၅ ရာခိုင်နှုန်း)
- လစ်လပ်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အတွက် မဲဆန္ဒရှင် ၈၆၀၄၈ ဦး (မဲပေးမှု - ၆၄.၅၄ ရာခိုင်နှုန်း)
ရွေးကောက်ပွဲမဲပေးမှုအနှစ်ချုပ်
- မဲဆန္ဒရှင်စုစုပေါင်း ၆၄၈၆၆၆၃ ဦး
- မဲလာပေးသူအရေအတွက် ၄၄၂၃၁၀၁ ဦး (၆၈.၁၉ ရာခိုင်နှုန်း)
- ပယ်မဲ/ပျောက်မဲ ၃၃၀၈၆၁ မဲ
- ခိုင်လုံမဲ ၄၀၉၂၂၄၀ မဲ
ရွေးချယ်တင်မြှောက်ခံရမှု
နိုင်ငံရေးပါတီ (၁၇) ပါတီ အနက် (၃) ပါတီမှ ကိုယ်စားလှယ်လောင်းများ အနိုင်ရခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
စဥ်
|
အမည်
|
မဲဆန္ဒနယ်
|
တည်ရှိရာနေရာ
|
ပါတီ
|
လွှတ်တော်နေရာ
|
၁
|
ဦးခင်မောင်သိန်း
|
စစ်ကိုင်းမြို့နယ် မဲဆန္ဒနယ်
|
စစ်ကိုင်းတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၂
|
ဒေါ်ခင်စန်းလှိုင်
|
ပုလဲမြို့နယ် မဲဆန္ဒနယ်
|
၃
|
ဒေါ်ခင်မွှေးလွင်
|
မင်းကင်းမြို့နယ် မဲဆန္ဒနယ်
|
၃
|
ဒေါ်တင်တင်ရီ
|
ကျွန်းစုမြို့နယ် မဲဆန္ဒနယ်
|
တနင်္သာရီတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၄
|
ဦးအောင်စိုး
|
လောင်းလုံမြို့နယ် မဲဆန္ဒနယ်
|
၅
|
ဦးအောင်စိုးမြင့်
|
တောင်ငူမြို့နယ် မဲဆန္ဒနယ်
|
ပဲခူးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၆
|
ဦးစိန်းထွန်း
|
ထန်းတပင် မဲဆန္ဒနယ်
|
၇
|
ဦးကျော်မင်း
|
လက်ပံတန်းမြို့နယ် မဲဆန္ဒနယ်
|
၈
|
ဦးမြင့်ဦး
|
သနပ်ပင်မြို့နယ် မဲဆန္ဒနယ်
|
၉
|
ဦးပိုက်ကို
|
ပခုက္ကူမြို့နယ် မဲဆန္ဒနယ်
|
မကွေးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၁၀
|
ဒေါက်တာအောင်မိုးညို
|
ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်
|
၁၁
|
ဦးမြင့်သိန်း
|
မကွေးမြို့နယ် မဲဆန္ဒနယ်
|
၁၂
|
ဦးမြင့်အောင်
|
မြိုင်မြို့နယ် မဲဆန္ဒနယ်
|
၁၃
|
ဦးတိုးရွှေ (ခ) ဦးတင်ဌေးအောင်
|
ရေစကြိုမြို့နယ် မဲဆန္ဒနယ်
|
၁၄
|
ဒေါ်စန္ဒာမင်း
|
ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်
|
နေပြည်တော်ကောင်စီနယ်မြေ
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၁၅
|
ဦးနိုင်ငံလင်း
|
ဒက္ခိဏသီရိ မဲဆန္ဒနယ်
|
၁၆
|
ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်
|
ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်
|
၁၇
|
ဦးမင်းသူ
|
ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်
|
၁၈
|
ဒေါ်ခင်သန္တာ
|
တံတားဦးမြို့နယ် မဲဆန္ဒနယ်
|
မန္တလေးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၁၉
|
ဒေါက်တာဇော်မြင့်မောင်
|
ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်
|
၂၀
|
ဦးပေါခင်
|
နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်
|
၂၁
|
ဦးအုန်းကြိုင်
|
မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်
|
၂၂
|
ဦးဝင်းထိန်
|
မိတ္ထီလာမြို့နယ် မဲဆန္ဒနယ်
|
၂၃
|
ဦးကျော်သီဟ
|
ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်
|
၂၄
|
ဒေါ်ခင်ဌေးကြွယ်
|
မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်
|
မွန်ပြည်နယ်
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၂၅
|
ဒေါ်အောင်ဆန်းစုကြည်
|
ကော့မှူးမြို့နယ် မဲဆန္ဒနယ်
|
ရန်ကုန်တိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၂၆
|
ဒေါက်တာမျိုးအောင်
|
ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်
|
၂၇
|
ဒေါက်တာမေဝင်းမြင့်
|
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်
|
၂၈
|
ဒေါ်ဖြူဖြူသင်း
|
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်
|
၂၉
|
ဦးဖြိုးမင်းသိန်း
|
လှည်းကူးမြို့နယ် မဲဆန္ဒနယ်
|
၃၀
|
ဒေါ်စုစုလွင်
|
သုံးခွမြို့နယ် မဲဆန္ဒနယ်
|
၃၁
|
ဒေါက်တာ ဒေါ်သန်းငွေ
|
ကလောမြို့နယ် မဲဆန္ဒနယ်
|
ရှမ်းပြည်နယ်
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၃၂
|
ဦးဝင်းမြင့်
|
ပုသိမ်မြို့နယ် မဲဆန္ဒနယ်
|
ဧရာဝတီတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပြည်သူ့လွှတ်တော်
|
၃၃
|
ဦးစိန်ဝင်း
|
မအူပင်မြို့နယ် မဲဆန္ဒနယ်
|
၃၄
|
ဦးမန်းဂျော်နီ
|
မြောင်းမြမြို့နယ် မဲဆန္ဒနယ်
|
၃၅
|
ဦးကျော်မြင့်
|
မြန်အောင် မဲဆန္ဒနယ်
|
၃၆
|
ဒေါ်မြင့်မြင့်စန်း
|
ဝါးခယ်မမြို့နယ် မဲဆန္ဒနယ်
|
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာရွေးချယ်တင်မြှောက်ခံရမှု
စဥ်
|
အမည်
|
မဲဆန္ဒနယ်
|
အကျုံးဝင်သည့်မြို့နယ်များ
|
တည်ရှိရာနေရာ
|
ပါတီ
|
လွှတ်တော်နေရာ
|
၁
|
ဒေါက်တာမြင့်နိုင်
|
မဲဆန္ဒနယ် အမှတ် (၃)
|
ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည်
|
စစ်ကိုင်းတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
အမျိုးသားလွှတ်တော်
|
၂
|
ဦးတင်မြ
|
မဲဆန္ဒနယ် အမှတ် (၇)
|
ဗန်းမောက်၊ကောလင်း၊ဝန်းသို၊အင်လည်ဘူး
|
စစ်ကိုင်းတိုင်းဒေသကြီး
|
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
|
အမျိုးသားလွှတ်တော်
|
၃
|
ဦးမင်းဦး
|
မဲဆန္ဒနယ် အမှတ် (၇)
|
အုတ်တွင်း၊ထန်းတပင်
|
ပဲခူးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
အမျိုးသားလွှတ်တော်
|
၄
|
ဦးအောင်ကြည်ညွန့်
|
မဲဆန္ဒနယ် အမှတ် (၄)
|
တောင်တွင်းကြီး
|
မကွေးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
အမျိုးသားလွှတ်တော်
|
၅
|
ဦးစိုင်းစံမင်း
|
မဲဆန္ဒနယ် အမှတ် (၃)
|
လားရှိုး၊တန့်ယန်း၊မိုင်းရယ်၊သိန္နီ၊ကွမ်းလုံ
|
ရှမ်းပြည်နယ်
|
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
|
အမျိုးသားလွှတ်တော်
|
၆
|
ဦးသိန်းဆွေ
|
မဲဆန္ဒနယ် အမှတ် (၁၀)
|
ဖျာပုံ၊ဒေးဒရဲ
|
ဧရာဝတီတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
အမျိုးသားလွှတ်တော်
|
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ခံရမှု
စဥ်
|
အမည်
|
မဲဆန္ဒနယ်
|
တည်ရှိရာနေရာ
|
ပါတီ
|
လွှတ်တော်နေရာ
|
၁
|
ဦးမျိုးခိုင်
|
ကဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
|
ပဲခူးတိုင်းဒေသကြီး
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
|
၂
|
ဒေါက်တာ လှမြတ်သွေး
|
ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
|
ဧရာဝတီတိုင်းဒေသကြီ'
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
|
ဧရာဝတီတိုင်းဒေသကြီး
|
ကိုးကား