နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်များ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) သည် နိုင်ငံ၏ ဒေသအသီးသီးတွင် စစ်အုပ်ချုပ်ရေး (Martial Law) ကို အဆင့်ဆင့် ကြေညာခဲ့သည်။ ဤစစ်အုပ်ချုပ်ရေး ကြေညာချက်များသည် နိုင်ငံရေးမတည်ငြိမ်မှု၊ လက်နက်ကိုင်ပဋိပက္ခများ မြင့်တက်လာမှုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ခုခံတော်လှန်မှုများအပေါ် စစ်ကောင်စီ၏ တုံ့ပြန်မှုတစ်ရပ်ဖြစ်သည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်း

စစ်ကောင်စီသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထိန်းသိမ်းရန်ဟူသော အကြောင်းပြချက်ဖြင့် စစ်အုပ်ချုပ်ရေးကို ကြေညာလေ့ရှိသည်။ ၂၀၂၁ နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ၎င်းတို့က ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးအောက်တွင် ဒေသန္တရအုပ်ချုပ်ရေးအာဏာများကို အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ စစ်ဘက်အကြီးအကဲများထံ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် စစ်ဘက်အာဏာပိုင်များက ကြီးကြပ်ကွပ်ကဲခြင်းတို့ကို ပြုလုပ်သည်။ ၎င်းသည် လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်ရာဒေသများတွင် လုံခြုံရေးထိန်းချုပ်မှုကို တင်းကြပ်ရန်နှင့် ခုခံတော်လှန်ရေးအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို နှိမ်နင်းရန် အဓိကရည်ရွယ်သည်။

စစ်အုပ်ချုပ်ရေးအမိန့်များ

၂၀၂၁

၂၀၂၃

  • ကြေညာချက်မရှိပါ။

၂၀၂၃

၂၀၂၄

ကြေညာခဲ့သော နယ်မြေများ

စစ်အာဏာသိမ်းပြီးနောက် ကနဦးတွင် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများ၏ အချို့သော ရပ်ကွက်များ၌ စစ်အုပ်ချုပ်ရေးကို ကန့်သတ်ကြေညာခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ ပြည်တွင်းစစ် ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေး ကြေညာသည့် မြို့နယ်အရေအတွက်ကို တဖြည်းဖြည်း တိုးမြှင့်ခဲ့သည်။ အထူးသဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လက်နက်ကိုင်ပဋိပက္ခ အပြင်းအထန်ဆုံး ဖြစ်ပွားနေသော မြို့နယ်များစွာတွင် စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့သည်။

စဉ် အမိန့်အမှတ် သတ်မှတ်သည့်ဒေသများ စစ်အုပ်ချုပ်ရေး အပ်နှင်းခံသူ ကြေညာသည့် ရက်စွဲ ကိုးကား
၁/၂၀၂၁ ရန်ကုန်တိုင်းဒေသကြီး
  1. လှိုင်သာယာမြို့နယ်
  2. ရွှေပြည်သာမြို့နယ်
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက် []
၂/၂၀၂၁ ရန်ကုန်တိုင်းဒေသကြီး
  1. ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်
  2. ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
  3. ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
  4. မြောက်ဥက္ကလာပမြို့နယ်
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက် []
၄/၂၀၂၁ ချင်းပြည်နယ်
  1. မင်းတပ်မြို့နယ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက် []
၁/၂၀၂၃ စစ်ကိုင်းတိုင်းဒေသကြီး
  1. အင်းတော်မြို့နယ်
  2. ဗန်းမောက်မြို့နယ်
  3. ကောလင်းမြို့နယ်
  4. ပင်လယ်ဘူးမြို့နယ်
  5. မြောင်မြို့နယ်
  6. ဆားလင်းကြီးမြို့နယ်
  7. ပုလဲမြို့နယ်
  8. ယင်းမာပင်မြို့နယ်
  9. ခင်ဦးမြို့နယ်
  10. တန့်ဆည်မြို့နယ်
  11. ရေဦးမြို့နယ်

ချင်းပြည်နယ်

  1. တီးတိန်မြို့နယ်
  2. တွန်းဇံမြို့နယ်
  3. ဖလမ်းမြို့နယ်
  4. ကန်ပက်လက်မြို့နယ်
  5. မတူပီမြို့နယ်
  6. ထန်တလန်မြို့နယ်
  7. ဟားခါးမြို့နယ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် []
၂/၂၀၂၃ မကွေးတိုင်းဒေသကြီး
  1. ဂန့်ဂေါမြို့နယ်
  2. ထီးလင်းမြို့နယ်
  3. ဆောမြို့နယ်
  4. ပေါက်မြို့နယ်
  5. မြိုင်မြို့နယ်
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် []
၃/၂၀၂၃ ပဲခူးတိုင်းဒေသကြီး
  1. ထန်းတပင်မြို့နယ်
  2. အုတ်ဖိုမြို့နယ်
  3. နတ်တလင်းမြို့နယ်
  4. ပေါင်းတည်မြို့နယ်
  5. ပေါက်ခေါင်းမြို့နယ်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ   ၂   ရက် []
၄/၂၀၂၃ မွန်ပြည်နယ်
  1. ရေးမြို့နယ်

ကရင်ပြည်နယ်

  1. ကြာအင်းဆိပ်ကြီးမြို့နယ်
  2. ကော့ကရိတ်မြို့နယ်
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် []
၅/၂၀၂၃ တနင်္သာရီတိုင်းဒေသကြီး
  1. တနင်္သာရီမြို့နယ်
  2. ပုလောမြို့နယ်
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် []
၆/၂၀၂၃ ကယားပြည်နယ်
  1. ဒီးမော့ဆိုမြို့နယ်
  2. ဖရူဆိုမြို့နယ်
  3. ရှားတောမြို့နယ်
  4. ဘော်လခဲမြို့နယ်
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် []
၈/၂၀၂၃ စစ်ကိုင်းတိုင်းဒေသကြီး
  1. ရွှေဘိုမြို့နယ်
  2. ဝက်လက်မြို့နယ်
  3. အရာတော်မြို့နယ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် [၁၀]
၁၀ ၁၀/၂၀၂၃ ရှမ်းပြည်နယ်
  1. ကွတ်ခိုင်မြို့နယ်
  2. ကွမ်းလုံမြို့နယ်
  3. နမ့်ခမ်းမြို့နယ်
  4. မူဆယ်မြို့နယ်
  5. လားရှိုးမြို့နယ်
  6. သိန်းနီမြို့နယ်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် [၁၁]
၁၁ ၁၁/၂၀၂၃ ရှမ်းပြည်နယ်
  1. ကုန်းကြမ်းမြို့နယ်
  2. လောက်ကိုင်မြို့နယ်
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် [၁၂]
၁၂ ၁/ ၂၀၂၄ ရှမ်းပြည်နယ်
  1. မိုးမိတ်မြို့နယ်
  2. မဘိမ်းမြို့နယ်
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် [၁၃]
၁၃ ၃/၂၀၂၄ ရှမ်းပြည်နယ်
  1. မန်တုံမြို့နယ်
  2. နမ့်ဆန်မြို့နယ်
  3. နမ္မတူမြို့နယ်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက် [၁၄]

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် စာရင်း

စစ်အုပ်ချုပ်ရေး သတ်မှတ်သော နယ်မြေများ
ပြည်နယ်၊ တိုင်းဒေသကြီးများ သတ်မှတ်မြို့နယ်များ အရေအတွက် မှတ်ချက်
ကရင်နီ (ကယား)
  1. ဒီမော့ဆိုမြို့နယ်
  2. ဖရူဆိုမြို့နယ်
  3. ရှားတောမြို့နယ်
  4. ဘော်လခဲမြို့နယ်
ကရင်နီ (ကယား) ပြည်နယ်တွင် မြို့နယ်ပေါင်း (၇) မြို့နယ်ရှိသည်။
ကရင်
  1. ကြာအင်းဆိပ်ကြီးမြို့နယ်
  2. ကော့ကရိတ်မြို့နယ်
ကရင်ပြည်နယ်တွင် မြို့နယ်ပေါင်း (၇) မြို့နယ်ရှိသည်။
ချင်း
  1. မင်းတပ်မြို့နယ်
  2. တီးတိန်မြို့နယ်
  3. တွန်းဇံမြို့နယ်
  4. ဖလမ်းမြို့နယ်
  5. ကန်ပက်လက်မြို့နယ်
  6. မတူပီမြို့နယ်
  7. ထန်တလန်မြို့နယ်
  8. ဟားခါးမြို့နယ်
ချင်းပြည်နယ်တွင် စုစုပေါင်း (၉) မြို့နယ်ရှိသည်။ ပလက်ဝ မြို့နယ် မှအပ ကျန် (၈) မြို့နယ်လုံးကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့သည်။
မွန်
  1. ရေးမြို့နယ်
မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း (၁၀) ခုရှိသည်။
ရှမ်း
  1. ကွတ်ခိုင်မြို့နယ်
  2. ကွမ်းလုံမြို့နယ်
  3. နမ့်ခမ်းမြို့နယ်
  4. မူဆယ်မြို့နယ်
  5. လားရှိုးမြို့နယ်
  6. သိန်းနီမြို့နယ်
  7. ကုန်ကြမ်းမြို့နယ်
  8. လောက်ကိုင်မြို့နယ်
  9. မိုးမိတ်မြို့နယ်
  10. မဘိမ်းမြို့နယ်
  11. မန်တုံမြို့နယ်
  12. နမ့်ဆန်မြို့နယ်
  13. နမ္မတူမြို့နယ်
၁၃ ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း (၅၅) မြို့နယ်ရှိသည်။
ရန်ကုန်
  1. လှိုင်သာယာမြို့နယ်
  2. ရွှေပြည်သာမြို့နယ်
  3. ဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊
  4. ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
  5. ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
  6. မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၄၅) ခု ရှိသည်။​
စစ်ကိုင်း
  1. အင်းတော်မြို့နယ်
  2. ဗန်းမောက်မြို့နယ်
  3. ကောလင်းမြို့နယ်
  4. ပင်လယ်ဘူးမြို့နယ်
  5. မြောင်မြို့နယ်
  6. ဆားလင်းကြီးမြို့နယ်
  7. ပုလဲမြို့နယ်
  8. ယင်းမာပင်မြို့နယ်
  9. ခင်ဦးမြို့နယ်
  10. တန့်ဆည်မြို့နယ်
  11. ရေဦးမြို့နယ်
  12. ရွှေဘိုမြို့နယ်
  13. ဝက်လက်မြို့နယ်
  14. အရာတော်မြို့နယ်
၁၄ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၃၈) ခု ရှိသည်။
မကွေး
  1. ဂန့်ဂေါမြို့နယ်
  2. ထီးလင်းမြို့နယ်
  3. ဆောမြို့နယ်
  4. ပေါက်မြို့နယ်
  5. မြိုင်မြို့နယ်
မကွေးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၅) ခု ရှိသည်။
ပဲခူး
  1. ထန်းတပင်မြို့နယ်
  2. အုတ်ဖိုမြို့နယ်
  3. နတ်တလင်းမြို့နယ်
  4. ပေါင်းတည်မြို့နယ်
  5. ပေါက်ခေါင်းမြို့နယ်
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။
၁၀ တနင်္သာရီ
  1. တနင်္သာရီမြို့နယ်
  2. ပုလောမြို့နယ်
တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၁၀) ခု ရှိသည်။

အခြားဖတ်ရှုရန်

ကိုးကား

  1. "ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာ"၊ Eleven Media၊ 14 March 2021။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on ၂၉ မေ ၂၀၂၅။ 
  2. "ရန်ကုန်တိုင်းတွင်း မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာ"၊ VOA Burmese၊ ၁၅ မတ်၊ ၂၀၂၁။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 2025 May 29။ 
  3. "စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၁"၊ Myawady၊ 05/14/2021။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2029။ 
  4. "စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ်၊ ၁ / ၂၀၂၃ ထုတ်ပြန်"၊ Ministry of Information၊ 02/03/2023။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။ 
  5. "စစ်အုပ်ချုပ်ရေး (Martial Law)အမိန့်အမှတ်၊ ၂ / ၂၀၂၃ ထုတ်ပြန်"၊ 02/03/2023။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။ 
  6. "စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၃ / ၂၀၂၃ ထုတ်ပြန်"၊ Ministry of Information၊ 02/03/2023။ 29 May 2029 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2029။ 
  7. "စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၄ / ၂၀၂၃ ထုတ်ပြန်"၊ Myanmar Portal၊ February 03, 2023။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on ၂၉ မေ ၂၀၂၅။ 
  8. "စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ်၊ ၅ / ၂၀၂၃ ထုတ်ပြန်"၊ Ministry of Information၊ 02/03/2023။ 29 may 2025 တွင် ပြန်စစ်ပြီး။ Archived from [{{{url}}} the original] on 29 may 2025။ 
  9. "စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၆ / ၂၀၂၃ ထုတ်ပြန်"၊ Ministry of Information။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။ 
  10. "စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ်၊ ၈ / ၂၀၂၃ ထုတ်ပြန်"၊ Ministry of Information၊ , 02/23/2023။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on ၂၉ မေ ၂၀၂၅။ 
  11. "စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် ၁၀ /၂၀၂၃"၊ Ministry of Information၊ 11/13/2023။ 29 may 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 may 2025။ 
  12. "စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် ၁၁ /၂၀၂၃"၊ ပြန်ကြားရေးဝန်ကြီးဌာန၊ 11/12/2023။ ၂၉ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။ Archived from the original on ၂၉ မေ ၂၀၂၅။ 
  13. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် ၁/ ၂၀၂၄"၊ Ministry of Information။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။ 
  14. "စစ်အုပ်ချုပ်‌ရေး(Martial Law)အမိန့်အမှတ် ၃/ ၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ( ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်)"၊ Ministry of Information၊ March 4, 2024။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။ 
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya