စလင်းမင်းသားကြီး မောင်အိုစလင်းမင်းသားကြီး မောင်အိုဆိုသည်မှာ စစ်ကိုင်းမင်း၏ မိဖုရားခေါင်ကြီး ရှင်မင်းနု (နန်းမတော်မယ်နု)ရဲ့ အစ်ကို ဖြစ်သည်။ စလင်းမြို့ကို စားရ၍ စလင်းမင်းသားကြီးဟု ခေါ်တွင်လေသည်။ မောင်အိုကို ထောင်သင်းမှူး သီဟကျော်စွာ ဦးလှုပ်နှင့် ဒေါ်ငယ်တို့ စုံဖက်ရာကနေ မွေးဖွားခဲ့သည်။ မောင်အိုသည် ဖလံခုံရွာအနီး မြင်းပေါက်ရွာသူ မမင်းသာနှင့် လက်ဆက်သည်။ ထို့နောက် သမီးတော်နှစ်ပါး ဖွားမြင်သည်။ သမီးတော်အကြီး သီရိသုကလျာသည် အမြင့်မြို့ကို စားရပြီး သမီးတော်ငယ် သီရိသုတရတနာသည် စကုမြို့ကို စားရသည်။ စစ်ကိုင်းမင်း နန်းတက်လာသောအခါ ညီတော်အရင်း သရက်မြို့စားကို သာယာဝတီမြို့စား ပေးပြီးမင်းသားကြီး အရာထားသလို၊ ယောက်ဖတော် မောင်အိုကိုလည်း သတိုးဓမ္မရာဇာဘွဲ့ အပ်နှင်းပြီး စလင်းမြို့ကို စားစေခဲ့သည်။ မြန်မာဘုရင် အဆက်ဆက်၌ စလင်းမြို့စား နေရာတွင် တော်ယုံလူကို ခန့်လေ့မရှိ။ နိုင်ငံတော်အတွက် အရေးပါသော စလင်းနယ်ကို ဘုရင်က အလေးထားရသည့် ပုဂ္ဂိုလ်များကိုသာ ခန့်အပ်လေ့ ရှိသည်ဟု သိရသည်။ စစ်ကိုင်းမင်းလက်ထက် အင်းဝနန်းတွင်း ရောက်ရှိခဲ့သော နိုင်ငံခြားကုန်သည် အိတ်ချ်ဂေါ်ဂျာ၏ မှတ်တမ်းတွင်
ဟု ဖော်ပြပါရှိသည်။ [၁] စလင်းမင်းသားကြီးမောင်အို နှင့် ပထမကျော်ဝိနိစ္ဆယကိစ္စ စစ်ကိုင်းမင်း၏ ညီတော် သာယာ၀တီမင်းနှင့် မိဖုရားခေါင်း နန်းမတော် မယ်နု၏မောင် မင်းသားကြီး ဦးအိုတို့ နှစ်ယောက်ကြား အားပြိုင်ရာမှ ပေါ်ပေါက်လာသည့် ပြဿနာဖြစ်သည်။ ထိုအချိန်က ပထမကျော်ဘွဲ့သည် ရဟန်းသာမဏေများအကြားနှင့် နန်းတော်တွင် အရေးပါသော ဘာသာရေးဘွဲ့ဖြစ်ခဲ့သည်။ သာယာဝတီမင်းသား သူကိုးကွယ်သည့် ကျောင်းနှင့် ဦးအိုကိုးကွယ်သည့်ကျောင်းမှာ အပြိုင်အဆိုင်ဖြစ်ခဲ့ကြ၏။
ထို အခြေအနေတွင် ဦးအို ကိုးကွယ်သည့် ကျောင်းမှာ ပထမကျော်ထွက်မည့် အလားအလား မရှိဘဲ သာယာဝတီမင်းသား ကိုးကွယ်သည့် ကျောင်းမှာ ပထမကျော်ဘွဲ့ရရန် သေချာနေသော စာသင်သားရဟန်းတစ်ပါးရှိနေသည်။ ထိုစာသင်သားရဟန်းကို ဦးအိုက မက်လုံးများပေးကာ ယင်းကိုးကွယ်သည့်ကျောင်းသို့ ပင့်ဆောင်သွားရာမှ ရှင်ဘုရင်အထိ ပေါက်ကြားသွားခဲ့ပြီး ပြဿနာဖြစ်ပေါ်ခဲ့သည်။ ထိုအရေးကို ဆရာတော်ဦးဗုဓ်မှကြားဝင်ဖြေရှင်းပေးခဲ့ပြီး..စာဖြေဆိုမည့်ရဟန်းကို စာဖြေဆိုခွင့်ပိတ်ကာ နယ်သို့ပြန်စေခဲ့၏။ ကိုးကား
|
Portal di Ensiklopedia Dunia