အနုပညာ ဦးစီးဌာန

အနုပညာ ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်
  • ၁၉၅၄ (ယဉ်ကျေးမှုကောင်စီ)
  • ၁၉၇၂ (ဦးစီးဌာန)
ယခင်အဖွဲ့အစည်းယဉ်ကျေးမှုကောင်စီ
ဌာနချုပ်ရုံးအမှတ် (၃၅)၊ နေပြည်တော်
ဝန်ကြီးများသူရဦးအောင်ကို
မိခင်အဖွဲ့အစည်းသာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်culture.gov.mm

အနုပညာဦးစီးဌာန (အင်္ဂလိပ်: Department of Fine Arts) သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှုဆိုင်ရာဌာနတစ်ခုဖြစ်သည်။

သမိုင်းကြောင်း

၁၉၅၄ ခုနှစ်တွင် ယဉ်ကျေးမှုကောင်စီအက်ဥပဒေအရ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ပါဝင်သော "ယဉ်ကျေးမှုကောင်စီ" ကို ဖွဲ့စည်းခဲ့ပြီး ယင်းကောင်စီလက်အောက်တွင် ဝန်ထမ်းအင်အား(၆၃)ဦးပါဝင်သော ရုံးအဖွဲ့နှင့် ဝန်ထမ်းအင်အား(၃၅၇)ဦး ပါဝင်သော ကဇာတ်အဖွဲ့တို့ကို ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ဌာနလက်အောက်တွင် ပန်တျာနှင့် ပြဇာတ် ဌာနခွဲ၊ နိုင်ငံသုခုမပညာသင်ကျောင်း၊ မွန်ရေးရာကော်မတီနှင့် ပြက္ခဒိန်ကော်မတီတို့ကို ဖွဲ့စည်းထား ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးကို အကောင် အထည်ဖော်သောအခါ "ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန" ဟူသောအမည်မှ ယဉ်ကျေးမှု ဝန်ကြီးဌာန ဟူသော အမည်သို့ ပြောင်းလဲခဲ့သည်။ ယခုအခါ အနုပညာဦးစီးဌာနကို အဆင့်(၁) ဦးစီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး အရာထမ်း(၂၈၆)နေရာ၊ အမှုထမ်း (၁၁၅၈)နေရာ၊ စုစုပေါင်း (၁၄၄၄)နေရာတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ရုံးအမှတ်(၃၅)၊ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့သည်။ []

တာဝန်များ

  • မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဆို၊ အက၊ အရေး၊ အတီးနှင့် ဆို၊ ငို၊ ပြော၊ ဘဲလေးကဇာတ်၊ ပြဇာတ်၊ ယိမ်း၊ အငြိမ့်နှင့် ဂန္ထဝင်ဇာတ်ကြီးများ၊ တိုင်းရင်းသားလူမျိုးတို့၏ရိုးရာ အကတေးဂီတ တို့ကို လေ့လာဖော်ထုတ် ထိန်းသိမ်းရန် ၊
  • မြန်မာ့ရိုးရာပန်း(၁၀)မျိုး အနုပညာများ ဖော်ထုတ်ထိန်းသိမ်းရန် ၊
  • နိုင်ငံအချင်းချင်း ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး အစီအစဉ်များ ဆောင်ရွက်ရန် ၊
  • မြန်မာ့မူမှန်ပြက္ခဒိန်များ ရေးဆွဲထုတ်ပြန်နိုင်ရေး စိစစ်ဆောင်ရွက်ရန် ၊
  • မြန်မာ့အနုသုခုမ ပညာရပ်များ အစဉ်အလာနှင့်အညီ ကိုက်ညီမှု ရှိ-မရှိ စိစစ်ရန် ၊
  • အခြေခံဖြစ်သော အနုပညာ အထက်တန်းကျောင်း များမှသည် အမျိုးသား ယဉ်ကျေး မှုနှင့်အနုပညာ တက္ကသိုလ်များတွင် အဆင့်မြင့်အနုပညာ မျိုးဆက်သစ်များကို လေ့ကျင့် မွေးထုတ်ပေးရန် ။[]

ဖွဲ့စည်းပုံ

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ အနုပညာဦးစီးဌာန။ 15 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya