မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(အင်္ဂလိပ်: Myanmar Investment Commission; အတိုကောက် MIC)သည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများကို တန်ဖိုးသတ်မှတ်ပေးရန်နှင့် အဓိကကဏ္ဍများ ဖွံ့ဖြိုး တိုးတက်မှုများအတွက် အမိန့်ကြော်ငြာစာများကို ထုတ်ဝေရန်အတွက် ဖွဲ့စည်းထားသောကော်မရှင်အဖွဲ့ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်သည်။ သမိုင်းကြောင်းနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော ၁၉၉၄ ဧပြီတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။[၂] ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့အစည်းတွင်းပြောင်းလဲမှုများစွာ ကြုံတွေ့ခဲ့ရပြီး ကော်မတီအဖွဲ့ဝင် လေးဦးထိ လျော့ချခြင်းခံခဲ့ရသည်။[၂] မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ၁၉၈၈ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေလည်း အသက်ဝင်သည်။[၃] ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်မှုအဆိုပြုလွှာများကို သေချာမှန်ကန်စွာ လုပ်ဆောင်နိုင်စေရန်အတွက် အဖွဲ့ဝင် ၁၆ ဦးထိ တိုးမြှင့်ခဲ့သည်။ [၄] မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေအသစ်အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်းကဏ္ဍတွင် ပြောင်းလဲမှုများ ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် အနည်းငယ်အတွက်သာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရယူရန် လိုအပ်ပါသည်။ အဆိုပြုလွှာများကို လျင်မြန်စွာ စိစစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတည်ပြုသည့် အတည်ပြုမိန့်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် လျှောက်ထား နိုင်သည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ အစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ သင့်လျော်သောပုဂ္ဂိုလ်များအား အဖွဲ့ဝင်များအဖြစ် ပါဝင်စေလျက် ဖွဲ့စည်းထားသည်။[၁] ရည်ရွယ်ချက်များကော်မရှင်၏ ရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-
ဥက္ကဋ္ဌများ (၂၀၁၁ -လက်ရှိ)
အဖွဲ့ဝင်များလက်ရှိအဖွဲ့ဝင်များကို ၂၀၂၁ခုနှစ် မတ်လ ၄ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်မှ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်ဥက္ကဋ္ဌမှာ အရပ်ဘက်မဟုတ်ဘဲ စစ်ဘက်မှ ပုဂ္ဂိုလ်ဖြစ်သည်။[၇]
ကိုးကား
4.Taipei American Chamber of Commerce; Topics Magazine, Analysis, November 2012. "Myanmar: Southeast Asia's Last Frontier for Investment: [၁]
|
Portal di Ensiklopedia Dunia