ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာ အနီးတွင် တည်ရှိသည်။ စုစုပေါင်း ဧရိယာအကျယ်အဝန်းမှာ ၁၃၈.၀၇ ဧက ဖြစ်သည်။[၁] သမိုင်းကြောင်းကွန်ပျူတာတက္ကသိုလ်(မန္တလေး) ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌရုံး၏ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့စွဲပါစာအမှတ်၊ ၀၁/နယက(ဥ)/စ၀-၁အရ၊ အစိုးရကွန်ပျူတာကောလိပ် မှ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[၁] ပေးအပ်သောဘွဲ့အမျိုးအစားများ နှင့် သင်တန်းကာလများ
အားလုံးသောပညာရပ်များအတွက် ပညာသင်နှစ် တစ်နှစ်စီကို ကာလ (၂)ခု ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီတွင် သင်ကြားရေးနှင့် လက်တွေ့လုပ်ဆောင်မှုအတွက် (၁၈)ပတ်စီ ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီအဆုံးတွင် စာမေးပွဲများကို ကျင်းပပါသည်။ အကဲဖြတ်မှု တစိတ်တပိုင်းအနေဖြင့် ကျောင်းခေါ်ချိန်၊ နည်းပြတန်းများနှင့် လက်တွေ့လုပ်ဆောင်မှု၊ အတန်းတွင်းတာဝန်များကိုပါ ထည့်သွင်းစဉ်းစားပါသည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia