ဟင်္သာတတက္ကသိုလ်

ဟင်္သာတတက္ကသိုလ်
ဆောင်ပုဒ်ပညာခေတ်ဖြင့် မျိုးဂုဏ်မြှင့်
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၈ (၁၉၇၈)
ဒုအဓိပတိဒေါက်တာမာလာ
ပါမောက္ခချုပ်ဒေါက်တာနီလာမြင့်
တည်နေရာဟင်္သာတမြို့, ဧရာဝတီတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်hinthadauniversity.edu.mm

ဟင်္သာတတက္ကသိုလ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း အမှတ်(၂) ဟင်္သာတ ဒေသကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဟင်္သာတကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟင်္သာတဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဟင်္သာတတက္ကသိုလ်အဖြစ် လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[]

တည်နေရာနှင့် အကျယ်အဝန်း

ဟင်္သာတတက္ကသိုလ်သည် ဟင်္သာတမြို့၏ အနောက်တောင်ဖက် မြို့ပတ်လမ်းမကြီးပေါ်တွင် တည်ရှိသည်။ မြေဧရိယာအကျယ်အဝန်းမှာ စတင်ဖွင့်လှစ်စဉ်က ၃၆.၇၅ ဧကသာရှိသော်လည်း ၁၉၉၂ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ၅၄.၇ ဧကအထိ တိုးချဲ့ပေးခဲ့သဖြင့် လက်ရှိတွင် ၉၁.၄၅ ဧက ကျယ်ဝန်းသည်။[] ကျောင်းသားအဖွဲ့အစည်းများဖြစ်သည့်‌အဝေးသင်ကျောင်းသားထုအဖွဲ့အစည်းနှင့်ကျောင်းသားများသမဂ္ဂလဲရှိသည်။

သင်ကြားပို့ချနေသော ဘာသာရပ်များ

ဟင်္သာတတက္ကသိုလ်တွင် အောက်ပါ ဘာသာရပ်သင်တန်းများကို သင်ကြားပို့ချပေးသည်။[]

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya