ကွန်ပျူတာတက္ကသိုလ်(မြိတ်)
ကွန်ပျူတာတက္ကသိုလ်(မြိတ်)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ တနင်္သာရီမြို့သို့သွားသော ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး မြိတ်မြို့မှ ၈ မိုင် ၇ ဖာလုံခန့် ကွာဝေးသည်။ တက္ကသိုလ်၏ အကျယ်အဝန်း မှာ ၂၅.၇၁ ဧကဖြစ်သည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းအစိုးရကွန်ပျူတာကောလိပ်(မြိတ်) ကို ၂၀၀၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် မြိတ်မြို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အဆောက်အဦတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့၌ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာရှိ အစိုးရကွန်ပျူတာကောလိပ်(မြိတ်) ကျောင်းဝင်းမြေနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ရွှေဒူးကျေးရွာရှိ မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းမကြီးဘေး သုံးထပ်ပင်မကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။ [၁] သင်တန်းများကွန်ပျူတာတက္ကသိုလ်(မြိတ်)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ပေးအပ်ချီးမြှင့်သောဘွဲ့များကွန်ပျူတာတက္ကသိုလ်(မြိတ်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ကိုးကား |
Portal di Ensiklopedia Dunia