မန္တလေးနည်းပညာတက္ကသိုလ်
မန္တလေးနည်းပညာတက္ကသိုလ် (MTU) သည် မန္တလေးစက်မှုတက္ကသိုလ် (MIT) အဖြစ် လူသိများခဲ့ပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ တည်ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များထဲမှ ထင်ရှားသော တက္ကသိုလ်တစ်ခုလည်း ဖြစ်သည်။ တက္ကသိုလ်မှ အထက်မြန်မာပြည် ဘွဲ့ကြို၊ ဘွဲ့ရနှင့် ဘွဲ့လွန် ကျောင်းသားများအတွက် အင်ဂျင်နီယာ နည်းပညာရပ် အသီးသီးအား သင်ကြားမှုပုံစံ အမျိုးမျိုး ချမှတ် သင်ကြားနိုင်ရန် စီစဉ်ထားရှိသည်။ တက္ကသိုလ်မှ နှစ်စဉ်နှစ်တိုင်း သင်တန်းအပတ်စဉ် တစ်ခုစီအတွက် ကျောင်းသား ၃၀၀ ခန့် လက်ခံသင်ကြားပေးနေသည်။[၁] မန္တလေးနည်းပညာတက္ကသိုလ်တွင် ဒေါက်တာဘွဲ့နှင့် ဘွဲ့လွန်သင်တန်းများအား လက်ခံသင်ကြားမှု နည်းပါးသောကြောင့် အဆိုပါဘွဲ့များ တက်ရောက်ရန် ဆန္ဒရှိသော ကျောင်းသားများမှာ ရန်ကုန်နည်းပညာတက္ကသိုလ် သို့တည်းမဟုတ် နိုင်ငံရပ်ခြားသို့ သွားရောက်၍ သင်ယူကြရသည်။ ![]() သမိုင်းကြောင်းနိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သိပ္ပံနှင့် အင်ဂျင်နီယာ နည်းပညာနယ်ပယ်၌ လုံးလုံးလျားလျား အခြေခံသည် ဆိုသည်အား သိရှိထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် နိုင်ငံအဆင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် သင်ကြားရေးဌာနများအား နိုင်ငံ၏အကျိုးအတွက် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းခဲ့ရာ မန္တလေးနည်းပညာတက္ကသိုလ်ကို အမှတ်(၁)စက်မှုဝန်ကြီးဌာန (ယခု စက်မှု ဝန်ကြီးဌာန)၊ စက်မှုသင်တန်းကျောင်းအမှတ်(၂)မှ ပညာရေးဝန်ကြီးဌာန၊ မန္တလေးစက်မှုတက္ကသိုလ်အဖြစ် ၁၉၉၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနမှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသို့ လက်ရှိဖွဲ့စည်းပုံအတိုင်း လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇူလိုင် (၁)ရက်နေ့တွင် မန္တလေးစက်မှုတက္ကသိုလ် (Mandalay Institute of Technology) အစား မန္တလေးနည်းပညာတက္ကသိုလ် (Mandalay Technological University) ဟုအမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့သည်။[၂] သင်ရိုးမန္တလေးနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့အတွက် ခြောက်နှစ်တာသက်တမ်း၊ မဟာအင်ဂျင်နီယာဘွဲ့အတွက် နှစ်နှစ်တာသက်တမ်း နှင့် ဒေါက်တာဘွဲ့အတွက် သုံးနှစ်တာသက်တမ်း စီစဉ်ထားရှိသည်။ ၁၉၉၇ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်ကြားတွင် ကျောင်းသားပေါင်း ၇၅၀၀ မှ သုံးပုံနှစ်ပုံမှာ အင်ဂျင်နီယာဘွဲ့ နှင့် ၇.၃ % မှာ မဟာအင်ဂျင်နီယာဘွဲ့များ အသီးသီးရရှိခဲ့ကြသည်။[၃] အင်ဂျင်နီယာ ဘာသာရပ်များအောက်ဖော်ပြပါ ဘာသာရပ်များအား ဒီပလိုမာဘွဲ့အတွက် တစ်နှစ်၊ မဟာဘွဲ့အတွက် နှစ်နှစ်နှင့် အသုံးချသိပ္ပံ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့များပါ လက်ခံသင်ကြား ပေးနေသည်။[၃]
ဌာနများမန္တလေးနည်းပညာတက္ကသိုလ်အား ပင်မဌာနကြီး ( ၄ ) ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏အောက်၌ ကဏ္ဍလိုက် သီးခြားဌာနခွဲများ ခွဲဝေထားရှိသည်။[၄]
အင်ဂျင်နီယာဌာနများမန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၅]
သင်ကြားရေးဌာနများမန္တလေးနည်းပညာတက္ကသိုလ်ရှိ သင်ကြားရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၆]
သုတေသနဌာနများမန္တလေးနည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၇]
ထောက်ပံ့ရေးဌာနများမန္တလေးနည်းပညာတက္ကသိုလ်ရှိ ထောက်ပံ့ရေးဌာနများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၈]
ဘွဲ့ကြိုဒီပလိုမာအောက်ဖော်ပြပါ ဘာသာရပ်များအား နည်းပညာဒီပလိုမာဘွဲ့အတွက် တစ်နှစ်တာ သင်တန်းအဖြစ် လက်ခံသင်ကြား ပေးနေသည်။[၃]
ဆက်စပ်ကြည့်ရှုရန်ကိုးကားကျမ်း
|
Portal di Ensiklopedia Dunia