ကွန်ပျူတာတက္ကသိုလ်(သထုံ)
ကွန်ပျူတာတက္ကသိုလ်(သထုံ)သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ဝန္ဒာမိတောင်ခြေတွင် တည်ရှိသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းမွန်ပြည်နယ်အတွင်းတွင် အစိုးရကွန်ပျူတာကောလိပ်(မော်လမြိုင်)အား ၂၀၀၀ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်(မော်လမြိုင်) (ယခု နည်းပညာတက္ကသိုလ်(မော်လမြိုင်))၏ ပရဝုဏ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု၊ မော်လမြိုင်စက်မှုဇုန် အနီးသို့ ပြောင်းရွှေ့ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်) အဖြစ်သို့ တိုးမြှင့်သတ်မှတ်ပြီး ဘွဲ့ကြို/ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်)အား သထုံမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ)အဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ [၁] သင်တန်းများကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ပေးအပ်ချီးမြှင့်သောဘွဲ့များကွန်ပျူတာတက္ကသိုလ်(သထုံ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ
ကိုးကား |
Portal di Ensiklopedia Dunia