သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်တစ်ခု ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် သီတဂူဆရာတော်မှ တည်ထောင်ခဲ့သည်။ တက္ကသိုလ်တွင် ရဟန်းများ၊ သီလရှင်များနှင့် လူများကို ဗုဒ္ဓစာပေများ သင်ကြားပေးလျက် ရှိသည်။[၁] တည်နေရာတက္ကသိုလ်သည် ဆွမ်းဦးပုညရှင်စေတီတော်၏ အောက်ဘက်တွင် တည်ရှိသည်။ အဆောက်အဦး (၆) ခု ရှိပြီး စာသင်ခန်းများ၊ ရုံးခန်းများ၊ တရားအားထုတ်ရန် နေရာများ၊ စာကြည့်တိုက် စသည်တို့ ပါဝင်သည်။ ထိုအဆောက်အဦးများတွင် သာဝတ္ထိ ခန်းမ၊ ကပိလဝတ္ထု ခန်းမ၊ လုမ္ဗနီခန်းမ၊ နာလန္ဒခန်းမ၊ အဓိပတိအဆောင်၊ ဂန္ဓာရ ခန်းမ၊ ရာဇဂဟ ခန်းမနှင့် ဒေဝဒဟ ခန်းမတို့ ပါဝင်သည်။[၁] သမိုင်းကြောင်းသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို ၁၉၉၄ မေလ ၂၄၊ မြန်မာသက္ကရာဇ် ၁၃၅၆ ကဆုန်လပြည့်တွင် စတင် ပန္နတင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ ၁၉၉၈ နိုဝင်ဘာ ၂၇၌ ဒီပလိုမာသင်တန်း အောင်လက်မှတ်ချီးမြင်းခြင်းနှင့်အတူ တက္ကသိုလ်ကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ကာ ၂၀၀၃ ဇွန်လ ၁၇တွင် ဘီအေသင်တန်းများအား စတင်သင်ကြားပေးနိုင်ခဲ့သည်။[၂] ပေးအပ်သည့် ဘွဲ့များတက္ကသိုလ်တွင် အောက်ပါ ဒီပလိုမာဘွဲ့များနှင့် ဒီဂရီဘွဲ့များကို ပေးအပ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia