ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)
Computer University, Loikaw
မြန်မှန်တွက်ချက် တိုင်းပြည်တွက်
{{{အမည်}}}
တည်ထောင်ခုနှစ် ၂၁ ဖေဖော်ဝါရီ ၂၀၀၁
ပါမောက္ခချုပ် ​ဒေါက်တာ​အောင်မြင်​အေး (​ခေတ္တ​ကျောင်းအုပ်ကြီး)
တည်နေရာ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်
အမျိုးအစား အများနှင့်သက်ဆိုင်သော
အကျယ်အဝန်း ၇၆.၀၉ ဧက
ဝဘ်ဆိုတ် ucsloikaw.edu.mm

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ထေးသမကွင်း၊ အမှတ် (၁၄၄/၁၆၄) ၌တည်ရှိသည်။ တက္ကသိုလ် အကျယ်အဝန်းမှာ (၇၆.၀၉)ဧက ကျယ်ဝန်းသည်။[] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ အစီအစဉ်ဖြင့် ကွန်ပျူတာသင်တန်းကျောင်းကို ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လွိုင်ကော်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးဝန်း အတွင်း ဖွင့်လှစ်ခဲ့သည်။ ၂၀၀၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် အဖြစ်အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သည်။[]

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
  • Certificate for Basic Computer Applications Training Course
  • Certificate for Basic Web Design and Development Training Course

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya