နည်းပညာတက္ကသိုလ်(လွိုင်ကော်)

နည်းပညာတက္ကသိုလ်(လွိုင်ကော်)
ဆောင်ပုဒ်Technology for the nation, innovation for the future
တိုင်းပြည်အတွက်နည်းပညာ၊ အနာဂတ်အတွက်တီထွင်ဆန်းသစ်မှု
အမျိုးအစားအများဆိုင်
တည်ထောင်၂၀၀၇ (၂၀၀၇)
နှီးနွယ်အဖွဲ့အစည်းအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန
ပါမောက္ခချုပ်ဒေါက်တာ ခိုင်​ဇော်နိုင်
တည်နေရာလွိုင်ကော်မြို့, ကယားပြည်နယ်, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်tuloikaw.edu.mm
ပင်မဆောင်

နည်းပညာတက္ကသိုလ်(လွိုင်ကော်) သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်မြို့တွင် တည်ရှိသည်။ ၂၀၁၆ ခုနှစ်တွင် ISO 9001/2008 ကိုရရှိခဲ့သည်။[ကိုးကားချက်လိုသည်]

သမိုင်းကြောင်း

နည်းပညာတက္ကသိုလ်(လွိုင်ကော်)ကို ၁၉၈၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် အစိုးရစက်မှုလက်မှုအထက်တန်း ကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စက်မှုလက်မှုသိပ္ပံအဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် အဆင့်သို့လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[]

ပင်မ​ဆောင်

တည်နေရာနှင့်အကျယ်အဝန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ အုပ်စု ကွင်းအမှတ် (၂၆၀)၊ ရွာတန်းရှည်ကျေးရွာ အရှေ့ဘက် တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် (၈၇.၄၆)ဧက ရှိသည်။

ရည်ရွယ်ချက် နှင့်တာဝန်

ရည်ရွယ်ချက်မှာ နိုင်ငံတကာအဆင့်မှီ အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာပညာရှင် လူတော်လူကောင်းများကို ဒေသလိုအပ်ချက်နှင့်အညီ ပြုစုမွေးထုတ်ပေးရန်နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်။[]

တက္ကသိုလ်၏လုပ်ငန်းတာဝန်များမှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်‌သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊ ဒေသတွင်း အင်ဂျင်နီယာပညာရပ်များသင်ယူနိုင်ခွင့် အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန် ဖြစ်သည်။

သင်ကြားရေးဌာနများ

ဘာသာရပ်များ

သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘွဲ့ B.E. (Civil) ၅ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဘွဲ့ B.E. (EC) ၅ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘွဲ့ B.E. (EP) ၅ နှစ်
စက်မှုအင်ဂျင်နီယာဘွဲ့ B.E. (MP) ၅ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (Civil) ၃ နှစ်
အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EC) ၃ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (EP) ၃ နှစ်
စက်မှုအင်ဂျင်နီယာဒီပလိုမာ A.G.T.I. (MP) ၃ နှစ်
သင်တန်း ဘွဲ့ဒီဂရီ သင်တန်းကာလ
နည်းပညာဘွဲ့ (မြို့ပြ) B-tech (Civil) ၅ နှစ်
နည်းပညာဘွဲ့ (အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးနည်းပညာ) B-tech (EC) ၅ နှစ်
နည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအား) B-tech (EP) ၅ နှစ်
နည်းပညာဘွဲ့ (စက်မှုစွမ်းအား) B-tech (MP) ၅ နှစ်

ကိုးကား

  1. Background History။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ စက်တင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. University Plans။ 19 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya