အစိုးရနည်းပညာသိပ္ပံ(ပြင်ဦးလွင်)
အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနလက်အောက်ရှိ နည်းပညာသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၅ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။ ဤသိပ္ပံကို ယခင်က အစိုးရနည်းပညာအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည်။ သမိုင်းကြောင်းအစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အား၂၀၁၇ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် AGTI ပထမနှစ် ကျောင်းသား/သူဦးရေ (၁၂၁)ဦးဖြင်စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။ ရည်ရွယ်ချက်အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)အားအောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိသည်- (က) နည်းပညာနှင့်သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးသို့တက်ရောက်လိုသူများ(မသန်စွမ်းသူများ၊ အခွင့်အလမ်း နည်းပါးသောသူများ စသည်တို့အပါအဝင်) သင်ယူနိုင်သော အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်။ (ခ) လုပ်သားဈေးကွက်၏လိုအင် နှင့် လိုက်လျောညီထွေရှိသည့် သက်မွေးပညာသင်တန်းများကို သင်ကြားပေး နိုင်မည့်လေ့ကျင့်ရေးအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်ရန်။ သင်ကြားရေးဌာနများ
ဘွဲ့ဒီဂရီများ
ကိုးကား
|
Portal di Ensiklopedia Dunia