ကွန်ပျူတာတက္ကသိုလ်(ပြည်) |
University of Computer Studies, Pyay
|
ပညာဝေဆာ သီရိခေတ္တရာ
|
UCS (Pyay)
|
|
တည်ထောင်ခုနှစ် |
၂၀၀၄ |
ဒုတိယပါမောက္ခချုပ် |
ဒေါက်တာယုဇန |
တည်နေရာ |
ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး |
အမျိုးအစား |
အများနှင့်သက်ဆိုင်သော |
အကျယ်အဝန်း |
၁၇.၆၈ ဧက |
အဖွဲ့အစည်း |
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန |
ဝဘ်ဆိုတ် |
တရားဝင်ဝဘ်ဆိုတ် |
ကွန်ပျူတာတက္ကသိုလ်(ပြည်)သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာပညာရပ်အထူးပြု ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်လျက်ရှိသော နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ ပါမောက္ခချုပ်နေရာတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာယုဇနမှ ကိုယ်စားတာဝန်ယူထမ်းဆောင်လျက်ရှိသည်။
သမိုင်းကြောင်း
ကွန်ပျူတာတက္ကသိုလ်(ပြည်)အား အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာအသုံးချသင်တန်းများ(Modules)ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ စတင်၍ ၂၀ဝ၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သည့် ကျောင်းသား/သူများကို ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ပထမနှစ် သင်တန်းသားများအဖြစ် စတင်လက်ခံခဲ့သည်။ ၎င်းမှတဆင့် ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပြည်)အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် (၁၇.၆၈)ဧက ကျယ်ဝန်းပြီး ပြည် မှ အောင်လံသို့သွားသောကားလမ်း မိုင်တိုင်အမှတ် ဝ၈၁/၂ ၏ တောင်ဘက်တွင် တည်ရှိသည်။[၁]
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါဘွဲ့များကို ပေးအပ်ချီးမြှင့်သည်။[၁]
- ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
- ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
ဌာနများ
- စက်နည်းပညာမဟာဌာန (Faculty of Computer Systems and Technologies)
- ကွန်ပျူတာသိပ္ပံဌာန (Faculty of Computer Science)
- သုတသိပ္ပံမဟာဌာန (Faculty of Information Science)
- တွက်ချက်ရေးသင်္ချာမဟာဌာန (Faculty of Computing)
- မြန်မာစာဌာန (Myanmar Department)
- အင်္ဂလိပ်စာဌာန (English Department)
- ရူပဗေဒဌာန (Physics Department )
- အသုံးချဌာန (Application Department)
- စာကြည့်တိုက်ဌာန (Library Department)
- ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန (Maintenance Department)
- စီမံခန့်ခွဲရေးဌာန (Administrative Department)
- ငွေစာရင်းဌာန (Finance Department)
- ကျောင်းသားရေးရာဌာန (Student Affair)
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါသင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။[၁]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ
- စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ
- ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ
- ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ
ကိုးကား
- ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ဌာနများ၊ ပညာရေးဝန်ကြီးဌာန။
|
---|
ဝိဇ္ဇာသိပ္ပံ | |
---|
ပညာရေး | |
---|
ကျန်းမာရေး | |
---|
နည်းပညာ | တက္ကသိုလ်များ | |
---|
ကောလိပ်/သိပ္ပံများ | |
---|
|
---|
ကွန်ပျူတာ | |
---|
နိုင်ငံခြားဘာသာ | |
---|
စိုက်ပျိုးရေး | တက္ကသိုလ်များ | |
---|
ကောလိပ်၊ သိပ္ပံများ | |
---|
|
---|
သစ်တော | တက္ကသိုလ်များ | |
---|
သင်တန်းကျောင်းများ | |
---|
|
---|
စီးပွားရေး | |
---|
ဘာသာရေး | ဗုဒ္ဓဘာသာ | |
---|
ခရစ်ယာန်ဘာသာ |
- Paku Divinity School
- Chin Christian College
- Union Theological College
- Zomi Theological College
- မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်
- Myanmar Union Adventist Seminary (College) MyaungMya
|
---|
|
---|
ကာကွယ်ရေး | |
---|
ဖွံ့ဖြိုးရေးနှင့်ယဉ်ကျေးမှု | ဖွံ့ဖြိုးရေးတက္ကသိုလ် | |
---|
ယဉ်ကျေးမှုတက္ကသိုလ် | |
---|
|
---|
ရာထူးဝန် | |
---|