ရန်ကုန်နည်းပညာတက္ကသိုလ်
ရန်ကုန် နည်းပညာ တက္ကသိုလ် (အင်္ဂလိပ်: Yangon Technological University; အတိုကောက် YTU) သည် ရန်ကုန်တိုင်းဒေသကြီး ကြို့ကုန်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ ၏ ပထမဆုံး အင်ဂျင်နီယာ တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာဌာနခွဲအဖြစ် ၁၉၂၄ ခုနှစ်[၂] တွင် စတင် အခြေပြုခဲ့ရာမှ ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ် (Rangoon Institute of Technology - RIT) တစ်ဖြစ်လဲ YTU အဖြစ် လူသိများ ထင်ရှားလာခဲ့သည်။ ၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အစောဆုံးနှင့် အထင်ရှားဆုံး နည်းပညာတက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ နည်းပညာ တက္ကသိုလ်များအနက် လက်ရွေးစင် နည်းပညာ တက္ကသိုလ် တစ်ခုလည်းဖြစ်သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် နှင့် ဒေါက်တာဘွဲ့ သင်တန်းများအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား/ကျောင်းသူ အရေအတွက် အယောက် ၈၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်သည် အာဆီယံတက္ကသိုလ်များကွန်ယက်၊ အရှေ့တောင်အာရှအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(AUN/SEED-Net) နှင့် မဲခေါင်ဒေသ ပညာရေးနှင့် သုတေသန ကွန်ယက် (GMSARN)[၁] တို့၏ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ သမိုင်းကြောင်း![]() ရန်ကုန် နည်းပညာ တက္ကသိုလ်ပေါက်ဖွားရာ မူလအရင်းအမြစ်မှာ ဗြိတိသျှကိုလိုနီ လက်အောက်ခံ ဘဝ ၁၉၂၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာဌာနခွဲ မှ စတင်ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။ မူလအစတွင် ၎င်းဌာနခွဲမှာ ရန်ကုန်မြို့ဆင်ခြေဖုံးရှိ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၏ အဆောင်ခွဲအဖြစ်တည်ရှိခဲ့ပြီး ဆရာနှစ်ယောက်၊ ကျောင်းသား ၁၇ ဦးဖြင့် စတင်လည်ပတ်ခဲ့သည်။[၂] ၁၉၂၇ ခုနှစ်တွင် ဘီအိုစီ ဓာတ်သတ္ထုရှာဖွေရေးနှင့် အင်ဂျင်နီယာကောလိပ် အဆောက်အအုံ အမည်ဖြင့် သီးခြားခွဲထွက်လာခဲ့ပြီး စက်မှုအင်ဂျင်နီယာ ဘာသာရပ်နှင့် လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် ထပ်မံပေါင်းစပ်သည့် ၁၉၃၈ ခုနှစ် ထိ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်တစ်ခုတည်းသာ သင်ကြားပေးနိုင်ခဲ့သည်။[၁][၂] ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်၌ ကောလိပ်မှ ရန်ကုန်တက္ကသိုလ်၏ အင်ဂျင်နီယာ မဟာဌာန အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၄ ခုနှစ်တွင် ကောလိပ်၌ ဓာတ်သတ္ထုရှာဖွေရေး၊ ဓာတုနည်းပညာ၊ သတ္ထုဗေဒပညာရပ်နှင့် ဗိသုကာပညာရပ်များအား ထပ်မံဖြည့်သွင်း သင်ကြားခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် ချည်မျှင်နှင့်အထည်အလိပ် အင်ဂျင်နီယာပညာရပ်ကိုပါ ထပ်မံပေါင်းစည်းသင်ကြားနိုင်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကောလိပ်အဆင့်မှ ရန်ကုန်တက္ကသိုလ်၏ ဗမာ့ အင်ဂျင်နီယာ တက္ကသိုလ် (ဘီအိုင်တီ) အဖြစ် ပြောင်းလဲခဲ့ပြီး ရုရှားနိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် လက်ရှိတည်ရာ ကြို့ကုန်းသို့ ပြောင်းရွှေ့ခဲ့သည်။[၂] ၁၉၆၄ ခုနှစ်တွင် ဗမာ့ အင်ဂျင်နီယာ တက္ကသိုလ်အမည်မှ ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (RIT)အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ပညာရေးဝန်ကြီးဌာန လက်အောက်မှ ကင်းလွတ်၍ သီးခြားရပ်တည်သော တက္ကသိုလ်တစ်ခုအဖြစ် တည်ဆောက်ခဲ့သည်။ [၁][၃] ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (RIT) အဖြစ် ရပ်တည်ခဲ့ပြီးနောက်ပိုင်း ယခင်က အပ်နှင်းခဲ့သည့် သိပ္ပံဘွဲ့ ( အင်ဂျင်နီယာ ) နှင့် မဟာသိပ္ပံဘွဲ့ ( အင်ဂျင်နီယာ) အစား အင်ဂျင်နီယာဘွဲ့နှင့် မဟာအင်ဂျင်နီယာဘွဲ့ဟူ၍ ဘွဲ့အမည်များ ပြောင်းလဲအပ်နှင်း ခဲ့သည်။ တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့နှင့် မဟာအင်ဂျင်နီယာဘွဲ့များအား ပညာရပ်နယ်ပယ် ၁၁ ခုအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ဒေါက်တာဘွဲ့သင်တန်းများအား ၁၉၉၇ ခုနှစ်၌ ထပ်မံဖြည့်သွင်း ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရန်ကုန် အင်ဂျင်နီယာ တက္ကသိုလ် (YIT) အဖြစ်ပြောင်းလဲခဲ့ပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာလက်အောက်သို့ ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထားရှိခဲ့သည်။ [၁] ၁၉၉၈ ခုနှစ်တွင် တက္ကသိုလ်၏ အမည်အား ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) အဖြစ်ထပ်မံပြောင်းလဲခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကျောင်းပရဝုဏ်အား လက်ရှိတည်နေရာ ကြို့ကုန်းမှ အနောက်ဘက် ခြောက်မိုင်အကွာ လှိုင်သာယာ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။[၂] ၁၉၉၁ ခုနှစ် မန္တလေးနည်းပညာတက္ကသိုလ် ဖွင့်လှစ်ခဲ့သည့် အချိန်မတိုင်မီအထိ ရန်ကုန်နည်းပညာတက္ကသိုလ်သည် အင်ဂျင်နီယာဒီပလိုမာလက်မှတ် အတွက် နှစ်နှစ်တာ သင်ကြားရသော နိုင်ငံတစ်ဝန်းရှိ အစိုးရနည်းပညာ ကောလိပ် (GTIs) များကြားမှ တစ်ကျောင်းတည်းသော အင်ဂျင်နီယာ တက္ကသိုလ်အဖြစ် တည်ရှိခဲ့သည်။ ၁၉၉၇ မှ ၂၀၁၁ ခုနှစ်အထိ အခြေအနေအမျိုးမျိုးကြောင့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုကျောင်းသားများကို လက်ခံခဲ့ခြင်း မရှိပါ။ အချို့သော ဘွဲ့လွန်သင်တန်းများကိုသာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဆက်လက်သင်ကြားခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ဘွဲ့ကြိုသင်တန်းများကို Center of Excellence (COE) ဟုခေါ်ဆိုသော စီမံကိန်းနှင့် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် ဘွဲ့ကြိုအင်ဂျင်နီယာနှင့်ဗိသုကာ ခြောက်နှစ်သင်တန်းများကို အထူးပြုဘာသာရပ် ၁၂ရပ် နှင့် ဘွဲ့လွန်သင်တန်းများဖြစ်သည့် ဒီပလိုမာ၊ မဟာနှင့် ပါရဂူများကိုလည်း အထူးပြုဘာသာရပ်အမျိုးမျိုးအတွက် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ သင်တန်းစုစုပေါင်း ၇၈ခု ရှိသည်။ အခြားသော နည်းပညာတက္ကသိုလ်များ နိုင်ငံနှင့်အဝှမ်း အမြောက်အမြား ပေါ်ထွက်လာခဲ့သော်လည်း ရန်ကုန်နည်းပညာတက္ကသိုလ် မှာ မြန်မာနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ် တစ်ခုအဖြစ် ယနေ့ထက်တိုင် ရပ်တည်နိုင်ဆဲ ဖြစ်သည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရည်ရွယ်ချက်ရန်ကုန်နည်းပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ အောက်ဖော်ပြပါ အချက်ကြီးများ ကြောင့် ဖြစ်သည်။
သင်ကြားမှုစနစ်ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဌာနခွဲပေါင်း ၁၈ ခုရှိပြီး ၎င်းဌာနများ၏ အမည်များမှာ - မြို့ပြအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သတင်းအချက်အလက် နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန၊ ဓာတုအင်ဂျင်နီယာဌာန၊ ချည်မျှင်နှင့် အထည်အလိပ် အင်ဂျင်နီယာဌာန၊ ဓာတ်သတ္ထုတူးဖော်ရေး အင်ဂျင်နီယာဌာန၊ ရေနံအင်ဂျင်နီယာဌာန၊ သတ္ထုဗေဒ အင်ဂျင်နီယာဌာန၊ ဇီဝနည်းပညာ အင်ဂျင်နီယာဌာန၊ ဗိသုကာဌာန၊ ဘူမိဗေဒ အင်ဂျင်နီယာဌာန၊ ရူပဗေဒ အင်ဂျင်နီယာဌာန၊ ဓာတုဗေဒ အင်ဂျင်နီယာဌာန၊ သင်္ချာ အင်ဂျင်နီယာဌာန နှင့် ဘာသာစကားဌာနများ ဖြစ်ကြသည်။[၁] ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အချိန်ပြည့် အင်ဂျင်နီယာ သင်တန်းများ တက်ရောက်သင်ကြားနေသော ကျောင်းသားများ ရှိသကဲ့သို့ တက္ကသိုလ်မှ ဖွင့်လှစ်သင်ကြားသော အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ သင်တန်းများသို့ အချိန်ပိုင်းအလိုက် တက်ရောက်သင်ကြားနေသောကျောင်းသား ၂၀၀၀ ကျော်လည်း ရှိသည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ကျောင်းသားပေါင်း ၁၁၀၀၀ ခန့် အင်ဂျင်နီယာဘွဲ့ အသီးသီး ရရှိခဲ့ကြပြီး ၎င်းတို့ထဲမှ ၅၀% ကျော်မှာ အင်ဂျင်နီယာဘွဲ့အဖြစ်လည်းကောင်း၊ ၁၀% မှာ ဘွဲ့လွန် အင်ဂျင်နီယာ အဖြစ်ဖြင့် လည်းကောင်း၊ ၄.၅%မှာ ဘွဲ့လွန်ဒီပလိုမာ အဖြစ်ဖြင့်လည်းကောင်း၊ ၃၂.၅% မှာ ဘွဲ့ကြိုဒီပလိုမာ အဖြစ်ဖြင့်လည်းကောင်း၊ ၂.၄%မှာ ဒေါက်တာဘွဲ့ အဖြစ်ဖြင့်လည်းကောင်း အသီးသီး တက်ရောက် ရရှိခဲ့ကြသည်။[၃] အင်ဂျင်နီယာ နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ (ဘီ.အီး) နှင့် ဗိသုကာဘွဲ့ (ဘီ.အာ့ချ်) အတွက် ကနဦးတွင် ခြောက်နှစ်တာ ကာလ တက်ရောက် သင်ကြားရသော်လည်း နောက်ပိုင်းကာလတွင် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ အားလုံး သင်ရိုးညှိနှိုင်း၍ ငါးနှစ်တာကာလသင်ရိုး အဖြစ်သို့ ကူးပြောင်းခဲ့သည်။ မဟာအင်ဂျင်နီယာတန်း ( အမ်.အီး) နှင့် (အမ်.အာ့ချ်) အတွက် တက်ရောက်ခွင့် ရသူများသည် နှစ်နှစ်တာ ဆက်လက် သင်ယူကြရပြီး ဒေါက်တာဘွဲ့ သင်တန်း တက်ရောက်ရန် ၃ နှစ်မှ ၏ ၅ နှစ်တာ ကာလအတွင်းကြာမြင့်ပါသည်။[၃] ၂၀၁၂ ခုနှစ်တွင် စီအိုအီးစီမံကိန်းဖြင့် ပြန်လည်ဖွင့်လှစ်သည့် ဘွဲ့ကြိုသင်တန်းများတွင်မူ ခြောက်နှစ်တာကာလသင်ရိုးကို အသုံးပြုလျက်ရှိသည်။ တက္ကသိုလ်ဝင်ခွင့်အနေဖြင့် နှစ်အလိုက် အခြေခံပညာအထက်တန်း တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သူများထဲမှ သတ်မှတ်ရမှတ် ပြည့်မှီသူများ လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့်ရသူများကို ဦးစားပေးလျှောက်ထားသည့် အထူးပြုဘာသာရပ်များနှင့် တက္ကသိုလ်ဝင်တန်းရမှတ်တို့အပေါ် မူတည်၍ အထူးပြုဘာသာရပ်များ သတ်မှတ်ပေးသည်။ ပထမနှစ်တွင် ဘုံဘာသာရပ်များအား သင်ကြားပြီးနောက် ဒုတိယနှစ်တွင် မိမိတို့၏ အထူးပြုဘာသာရပ်များသို့ ဆက်လက် တက်ရောက် သင်ကြားရသည်။
ဘွဲ့လွန်သင်တန်း၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် တက္ကသိုလ်၌ တက်ရောက် ပညာသင်ကြားနေသော ဘွဲ့ကြိုကျောင်းသား ၃၂၂ ယောက်ရှိသည်။[၁]
ဘွဲ့ကြိုဒီပလိုမာရန်ကုန်နည်းပညာတက္ကသိုလ် မှ တစ်နှစ်တာ ဖွင့်လှစ်သင်ကြားပေးနေသည့် အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းများလည်း ရှိနေပြီး ၎င်းတို့မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။[၃]
ကျောင်းပရဝုဏ်တက္ကသိုလ် ပရဝုဏ်သည် ရန်ကုန်-အင်းစိန်လမ်းမပေါ် ကြို့ကုန်းအနီးတွင် တည်ရှိပြီး ၁၃၈.၅ဧက ကျယ်ဝန်းသည်။ တက္ကသိုလ်ပရဝုဏ်အား ၁၉၅၈ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှားနိုင်ငံ)မှ တည်ဆောက်ပေးခဲ့ပြီး ပင်မအဆောက်အအုံ ( ၈ ) ခုနှင့် ၎င်းတို့အား အမိုးပါ လျှောက်လမ်းများဖြင့် သွယ်ဆက်ပေးထားသည်။ ပင်မဆောင်နှင့် စီမံကွပ်ကဲမှုဌာနသည် ပင်မဆောင်(၁)တွင် တည်ရှိပြီး အဆောင်အမှတ် (၅-၈) မှာ ဗိသုကာကျောင်းနှင့် စမ်းသပ်အလုပ်ရုံဆောင်များ ဖြစ်သည်။ ကျောင်းပရဝုဏ်အတွင်း၌ ဝန်ထမ်းအိမ်ရာများ၊ စားသောက်ခန်းမကြီး၊ Bookshop၊ ဆေးခန်း၊ ဘောလုံးကွင်း၊ စားသောက်ဆိုင်နှင့် ကားရပ်နားရန် နေရာများလည်း ပါရှိသည်။ ကျောင်းသားများအဆောင်မှာ ကျောင်းပရဝုဏ်၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး၊ (အေ မှ ဂျီ) စုစုပေါင်း ၇ ဆောင်တည်ရှိသည်။ ယခုအခါ အဆောင် အေ၊ ဘီ နှင့် စီ ကို အမျိုးသမီးအဆောင်အဖြစ်ထားရှိပြီး အဆောင် ဒီ၊ အီး နှင့် အက်ဖ် ကို အမျိုးသားအဆောင် အဖြစ်ထားရှိသည်။ ၂၀၁၈ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုမှ ပေးပို့ခဲ့သော စက်မှုတက္ကသိုလ်၏ ၁၉၅၈ ခုနှစ်မှ မူရင်းဆွဲပုံများကို ဗိသုကာကျောင်းသားများအသင်းမှ ရှာဖွေတွေ့ရှိခဲ့သည်။ တဆက်တည်းအနေဖြင့်တက္ကသိုလ်ပရဝုဏ်အတွင်းရှိ ရုပ်ဝတ္ထုပစ္စည်းများနှင့် နေရာ (၉)ခုအား တက္ကသိုလ်၏အမွေအနှစ်များအဖြစ်လည်း သတ်မှတ်ထုတ်ပြန်ထားသည်။ တက္ကသိုလ်ရေရှည်တည်တံ့ရေးလုပ်ငန်းများကို YTU Campus Master Plan ဖြင့်အကောင်အထည်ဖော်ဆောင်ရန် ဆုံးဖြတ်ထားသည်။ ရပ်တည်မှု၊ ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားဟောင်းများပါမောက္ခချုပ်များ
ကျောင်းသားသမဂ္ဂ၂၀၁၂ တွင်ခုနှစ်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းနိုင်ရေးအတွက် ဗိသုကာမေဂျာမှ ကိုအောင်ကျော်ဆင့်၊ မအေးမြသန့်စင်၊ ကိုကျော်စိုးဟန်၊ မြို့ပြအင်ဂျင်နီယာမေဂျာမှ ကိုရဲမွန်ဦး၊ မက္ကာထရောနစ်မေဂျာမှ ကိုမိုးရဲထက်၊ ကိုစောဝေမိုးနှင့် ကိုပြည့်ဖြိုးခန့်တို့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကျောင်းသားဟောင်းများရန်ကုန်နည်းပညာတက္ကသိုလ်သည် ၁၉၉၁ ခုနှစ်ထိ တစ်ခုတည်းသော စီနီယာ တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီနီယာ အင်ဂျင်နီယာအများစုမှာလည်း ရန်ကုန်နည်းပညာတက္ကသိုလ် - RIT/YTU ဆင်းများသာ ဖြစ်ကြသည်။ အင်ဂျင်နီယာ ကျောင်းသားဟောင်း အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဘွဲ့လွန့်ပညာရပ်များ ဆည်းပူးနိုင်ရန်အတွက် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေကြပြီး အထူးသဖြင့် စင်ကာပူနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဖြင့် ရပ်တည်နေထိုင်ကြသည်ဟု ယုံကြည်ကြသည်။ လက်ရှိရပ်တည်မှုအနေအထားလက်ရှိတက်ရောက်နေသော ကျောင်းသားအရေအတွက်ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လက်ရှိ (၂၀၁၁) ခုနှစ်ထိ တက်ရောက်နေသော ကျောင်းသား အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။
ဘွဲ့ရကျောင်းသား/ကျောင်းသူအရေအတွက်ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၁၉၂၇ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်ကြား အင်ဂျင်နီယာဘွဲ့ အပ်နှင်းနိုင်ခဲ့သူများ အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။
ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ၁၉၉၇ ခုနှစ်မှ ယခုထိ အင်ဂျင်နီယာဘွဲ့ အပ်နှင်းနိုင်ခဲ့သူများ အရေအတွက်မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်။
နိုင်ငံတကာ ဆက်နွယ်ပေါင်းစည်းမှုရန်ကုန်နည်းပညာတက္ကသိုလ်သည် အာဆီယံတက္ကသိုလ်များကွန်ယက်၊ အရှေ့တောင်အာရှအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(AUN/SEED-Net) နှင့် မဲခေါင်ဒေသ ပညာရေးနှင့် သုတေသန ကွန်ယက် (GMSARN)[၁] တို့၏ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်ပြီး ပညာရေးကွန်ယက် အနေဖြင့် အခြားသော နိုင်ငံတကာ တက္ကသိုလ်များဖြစ်သည့် ကာစရူးလ် တက္ကသိုလ် (ဂျာမဏီ)၊ ရှီဘရာ နည်းပညာ တက္ကသိုလ် (ဂျပန်)၊ အာရှနည်းပညာတက္ကသိုလ် (ထိုင်း) နှင့် မေဖလောဝ် နည်းပညာတက္ကသိုလ် (ထိုင်း) တို့နှင့် ချိတ်ဆက်ထားသည်။[၁] ထင်ရှားသော ကျောင်းသားဟောင်းများ
ဆက်စပ်လေ့လာရန်ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia