ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ စီအင်ကျေးရွာအနီးတွင် တည်ရှိသည်။ ဗန်းမော်မြို့မှ (၅) မိုင်အကွာ၊ စီအင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(OSS)၊ ဦးပိုင်အမှတ်(၆၁)တွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၅၃.၇၄) ဧကနှင့် ရေကန် (၁.၇၉) ဧက စုစုပေါင်း (၅၅.၅၃) ဧက ကျယ်ဝန်းသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ သမိုင်းကြောင်း၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(ဗန်းမော်) အား ဗန်းမော်မြို့မှ(၃)မိုင်ကွာ ရွှေပြည်သာကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)အဖြစ် တက္ကသိုလ် အဆင့်သို့တိုးမြှင့်ခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စီအင် ကျေးရွာအနီး ပင်မသုံးထပ်ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။[၁] ပေးအပ်ချီးမြှင့်သောဘွဲ့များကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia