မော်လမြိုင်ပညာရေးကောလိပ်

မော်လမြိုင်ပညာရေးဒီဂရီကောလိပ်
ယခင်အမည်များ
ဆရာအတတ်သင်ကျောင်း
ဆရာအတတ်သင်သိပ္ပံ
ဆောင်ပုဒ်ဘတ်စုံဖွံ့ဖြိုး ပြည့်အကျိုး
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၅၃; ၇၂ နှစ် အကြာက (၁၉၅၃)
ကျောင်းအုပ်ကြီးဒေါ်မိညိုညိုရှိန်
တည်နေရာမန္တလေးရပ်ကွက်၊ မော်လမြိုင်မြို့
မွန်ပြည်နယ်

16°30′01″N 97°37′20″E / 16.5001704°N 97.6222768°E / 16.5001704; 97.6222768ကိုဩဒိနိတ်: 16°30′01″N 97°37′20″E / 16.5001704°N 97.6222768°E / 16.5001704; 97.6222768
ဝဘ်ဆိုဒ်mlmedc.edu.mm

မော်လမြိုင် ပညာရေးဒီဂရီကောလိပ် (အင်္ဂလိပ်: Mawlamyine Education Degree College) သည် မွန်ပြည်နယ်မော်လမြိုင်မြို့တွင် တည်ရှိသော ပညာရေး ဒီဂရီကောလိပ်တစ်ခု ဖြစ်သည်။

သမိုင်းကြောင်း

၁၈၈၁ ခုတွင် ဆရာအတတ်သင်တန်းကို အမျိုးသမီးများအတွက် မော်တင်လိန်းကျောင်း (ယခု အထက(၆)မော်လမြိုင်) နှင့် အမျိုးသားများအတွက် မော်လမြိုင်အစိုးရအထက်တန်းကျောင်း (ယခု အထက(၁)မော်လမြိုင်) တို့တွင် ဖွင့်ခဲ့သည်။ ၁၉၄၂ ဂျပန်ဝင်သည်နောက် ကျောင်းများပိတ်သွားရာ ၁၉၅၃ ခု၊ ဇွန်လ ၁ ရက်တွင် အေဘီအမ်ကျောင်း (အထက(၃)မော်လမြိုင်) ၌ ပြန်စသည်။ ၁၉၅၄ ခုတွင် ဘတ္ထရီပွိုင့်၌ မီးလောင်ပြီးနောက် ၎င်းမီးလောင်ပြင်၌ ကျောင်းဆောက်သည်။ ၁၉၆၁ ခုတွင် အကျယ်အဝန်း ၁၅.၈၄၁ ကျယ်ဝန်းသော ယခုတည်နေရာ စဖွင့်သည်။[]၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၁ရက်နေ့တွင် မော်လမြိုင်ပညာရေးကောလိပ်အပါအဝင် ပညာရေးကောလိပ် (၂၅) ကျောင်းအား ၄ နှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

  • ၁၉၅၃ − ဆရာအတတ်သင်ကျောင်း
  • ၁၉၆၇ − ဆရာအတတ်သင်သိပ္ပံ
  • ၁၉၉၈ နိုဝင်ဘာ ၂၇ − ပညာရေးကောလိပ်
  • ၂၀၂၀ ဩဂုတ် ၃၁ - ပညာရေးဒီဂရီကောလိပ်

သင်တန်းအမျိုးအစား

  1. လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ပထမနှစ်
  2. လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ဒုတိယနှစ်
  3. လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း
  4. အလယ်တန်းဆရာအတတ်စာပေးစာယူ ၁ နှစ်သင်တန်း
  5. B.A(Education), B.Sc (Education) ၄နှစ်သင်တန်း
  6. ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း

ကျောင်းအုပ်များ

အမည် ကာလ မှတ်ချက်
ဦးဘစိုး ၁၉၅၃-၅၅
ဦးဘိုသောင် -၁၉၅၇
ဦးသန်းလွင် -၁၉၆၄
ဦးတင်မောင်လှ -၁၉၆၅
ဦးသိုက်ထွန်း -၁၉၆၆
ဦးသောင်းထွန်း -၁၉၆၇
ဦးအောင်ဘော် -၁၉၆၇
ဦးသန်းလွင် -၁၉၇၄
ဦးဘရှင် -၁၉၇၇
ဦးခင်မောင်လတ် -၁၉၈၉
ဦးတင်ဦး -၁၉၉၁
ဦးကြင်ဟိ -၁၉၉၅
ဦးခိုင်စိုး -၁၉၉၈
ဒေါ်ယဉ်ယဉ်မြတ် -၂၀၀၇
ဒေါ်သန်းသန်းလှ -၂၀၀၈
ဒေါ်ဆိုဖီ -၂၀၀၉ ခေတ္တကိုင်
ဒေါ်မြတ်မြတ်ဝေ -၂၀၁၃

ကိုးကား

  1. သမိုင်းကြောင်း။ 20 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya