ရွှေဘိုတက္ကသိုလ်
ရွှေဘိုတက္ကသိုလ် (အင်္ဂလိပ်: Shwebo University) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ ရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်များအတွက် မဟာဝိဇ္ဇာဘွဲ့၊ ဂုဏ်ထူးဘွဲ့နှင့်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘာသာရပ်များအတွက် မဟာသိပ္ပံဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့နှင့်သိပ္ပံဘွဲ့ သင်တန်းများ တက်ရောက်နိုင်သည်။ သမိုင်းကြောင်းမန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်) ၏ လက်အောက်တွင် ရွှေဘိုဒေသကောလိပ်ကို ၁၉၇၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရွှေဘိုကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရွှေဘိုဒီဂရီကောလိပ် အဖြစ်လည်းကောင်း အဆင့်မြှင့်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၁၃ ရက်တွင် ရွှေဘိုတက္ကသိုလ် ဖြစ်လာခဲ့သည်။[၂] သင်တန်းများရွှေဘိုတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။[၃]
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia