နည်းပညာတက္ကသိုလ်(တောင်ငူ)
နည်းပညာတက္ကသိုလ်(တောင်ငူ) သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ သဝန်ငယ်ရပ်ကွက်၊ ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးဘေး သက်ရှည်ကျော်ထင်လမ်းပေါ်တွင် တည်ရှိသည်။ သမိုင်းကြောင်းစက်မှုလက်မှုအထက်တန်းကျောင်းကို ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအနီး၊ ရန်ကုန်−မန္တလေးအဝေးပြေးလမ်းမကြီး ပေါ်တွင် ၁၉၈၂ခုနှစ်၊ မတ်လ၌ စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် သိပွံနှင့်နည်းပညာဝန်ကြီးဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၁၉၉၉ ခုနှစ်တွင် အစိုးရနည်းပညာ ကောလိပ်အဖြစ်သို့လည်းကောင်း ကေတုမတီမြို့သစ်တွင်ပြောင်းလဲဖွင့်လှစ်လိုက်ကာ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ငူ) အဖြစ်သို့လည်းကောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁] နည်းပညာတက္ကသိုလ် (တောင်ငူ) သည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် (ISO 9001:2015) ကို ရရှိပြီးသည့် မြန်မာနိုင်ငံ၏ အဆင့်မြင့်နည်းပညာတက္ကသိုလ်တစ်ခုဖြစ်သည်။ 2018-2019 ပညာသင်နှစ်အထိ Civil,EC,EP,Mech ဟူ၍ မေဂျာကြီး လေးခုသာသင်ကြားပို့ချခဲ့သော်လည်း 2019-2020 ပညာသင်နှစ်မှစ၍ IT နှင့် MC မေဂျာနှစ်ခုကိုထပ်တိုးသင်ကြားပို့ချနေပြီဖြစ်သည်။ B.E ဘွဲ့ သင်တန်းများကို C,EC,EP, Mech, IT, McE များအားလုံးဖွင့်လှစ်နိုင်ပြီဖြစ်သော်လည်း မဟာအင်ဂျင်နီယာဘွဲ့ M.E အတွက် IT နှင့် McE သင်တန်းများအတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ။ နည်းပညာတက္ကသိုလ် (တောင်ငူ) မှ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း နှင့် စက်မှုအင်ဂျင်နီယာသင်တန်းတို့သည် Myanmar Engineering Council ၏ ပမာဏအသိအမှတ်ပြုလက်မှတ် (Provisional accredited Certificate) ကို ရရှိထားပြီး အပြည့်အဝအသိအမှတ်ပြုလက်မှတ် (Fully-accredited Certificate) ရရှိနိုင်ရန် ဆောင်ရွက်နေပါသည်။ နည်းပညာတက္ကသိုလ်(တောင်ငူ) ၏သင်ကြားဌာနများမှာ
အင်ဂျင်နီယာ ဘာသာရပ်များအင်ဂျင်နီယာဘွဲ့အတွက် ဘာသာရပ်များ
မဟာအင်ဂျင်နီယာဘွဲ့ အတွက်ဘာသာရပ်များ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia