နည်းပညာတက္ကသိုလ်(စစ်တွေ)
![]() နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရေချမ်းပြင်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။ သမိုင်းကြောင်းအစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[၁][၂] သင်ကြားမှုစနစ်နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -
အင်ဂျင်နီယာ ဘာသာရပ်များအင်ဂျင်နီယာဘွဲ့ (ဘွဲ့ကြို) အတွက်ဘာသာရပ်များမှာ
ဆက်စပ်လေ့လာရန်ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia