ကွန်ပျူတာတက္ကသိုလ်(မုံရွာ)
ကွန်ပျူတာတက္ကသိုလ်(မုံရွာ)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ အလုံ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်)သို့ သွားသည့် လမ်းမကြီးဘေးရှိ မြို့သစ်ရပ်ကွက်အနီးတွင် တည်ရှိသည်။ တက္ကသိုလ်၏ အကျယ်အဝန်း မှာ ၁၄ ဧက ကျယ်ဝန်းသည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။ သမိုင်းကြောင်းသိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်တို့မှ ကြီးမှူး၍ အစိုးရကွန်ပျူတာကောလိပ်များကို ပြည်နယ်နှင့် တိုင်းများတွင် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မှုအရ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂၆၀) ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ရှိသော အဆောက်အဦတစ်ခုအား ငှားရမ်း၍ အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် မိုးညှင်းသမ္ဗုဒ္ဓေဘုရားအနီး၌ အဆောက်အဦ(၅)လုံး ဆောက်လုပ်ပြီးစီး၍ အစိုးရကွန်ပျူတာကောလိပ်(မုံရွာ)ကို ထိုနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အစိုးရကွန်ပျူတာကောလိပ်(မုံရွာ)ကို မိုးညှင်းသမ္ဗုဒ္ဓေဘုရားအနီးမှ ယခု အလုံမြို့သစ်ရပ်ရှိ နည်းပညာကောလိပ်ကျောင်းဟောင်းနေရာသို့ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြောင်းရွေ့ ဖွင့်လှစ်ခဲ့သည်။ အစိုးရကွန်ပျူတာကောလိပ်(မုံရွာ)ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက် ရက်စွဲပါ စာအမှတ်၊ သပန/၃-၂(၂)/၂၀၀၇(၅၉၂) အရ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)အဖြစ်သို့ စတင်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁] သင်တန်းများကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
ပေးအပ်ချီးမြှင့်သောဘွဲ့များကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia