ပဲခူးတက္ကသိုလ်ပဲခူးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၂ဝ၁၁ ခုနှစ် ဇွန် ၁၃ ရက်တွင် ပဲခူးဒီဂရီကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။[၁] အကျယ်အဝန်းမှာ ၇၁၈.၆၅ ဧက ကျယ်ဝန်းသည်။[၂] ပဲခူးမြို့မှ (၅) မိုင်ခန့် အကွာတွင် ရှိသည်။ [၃] ဆောင်ပုဒ်မှာ "ပညာယအတ္ထံ ဇာနာတိ" ဖြစ်သည်။ သမိုင်းကြောင်း၁၉၇၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ [၃] တွင် ပဲခူးတိုင်းဒေသကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပဲခူးကောလိပ် အဆင့်သို့ လည်းကောင်း၊ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်တွင် ပဲခူးဒီဂရီကောလိပ် အဆင့်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[၁] သင်တန်းများပဲခူးတက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊အရှေ့တိုင်းပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် ခရီးသွားလုပ်ငန်းပညာဘာသာရပ်များကို သင်ကြားပို့ချပေးသည်။[၁] ၂၀၁၈- ၂၀၁၉ပညာသင်နှစ်တွင် နေ့သင်တန်းသား (၉၄၅၄) ရှိ၍ အဝေးသင် သင်တန်းသား (၁၀၀၀၀)ကျော်ခန့်သင်ကြားပေးလျက်ရှိသည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia