သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)
သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်) (အင်္ဂလိပ်: University of Information Technology) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းတွင် တည်ရှိသည်။ သမိုင်းကြောင်း၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ တက္ကသိုလ်များကွန်ပျူတာဌာန (University Computer Center) အမည်ဖြင့် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် Institute of Computer Science and Technology အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇူလိုင်လ (၁)ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေးအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်အဖြစ် စတင်ခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) ကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်) အဖြစ် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် အမည်ပြောင်းလဲခဲ့သည်။[၁] သင်တန်းများသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (ရန်ကုန်)တွင် အောက်ပါဘွဲ့သင်တန်းများကို တက်ရောက်နိုင်သည်။[၂] ဘွဲ့ကြိုသင်တန်းများ
ဘွဲ့လွန်သင်တန်းများ
သင်တန်းဌာနများFaculty list The following faculties are organized in University of Information Technology (UIT)[၃]
ကိုးကား
|
Portal di Ensiklopedia Dunia