တောင်ကြီးတက္ကသိုလ်
တောင်ကြီးတက္ကသိုလ် (အင်္ဂလိပ်: Taunggyi University သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၏ အဓိကတက္ကသိုလ်တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိသည်။ တောင်ကြီးတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်သည်။[၁] သမိုင်းကြောင်း၁၉၆၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တောင်ကြီးကောလိပ် ကို မန္တလေးတက္ကသိုလ်၏ တွဲဖက်ကောလိပ်တစ်ခုအနေဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။[၂] ၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးအက်ဥပဒေအရ တောင်ကြီးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သော်လည်း မန္တလေးတက္ကသိုလ်၏ အောက်တွင် ထားရှိခဲ့သည်။ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့တွင် သီးခြား လွတ်လပ်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။ သင်တန်းများတောင်ကြီးတက္ကသိုလ်တွင် အဓိက ပေးအပ်သည့် ဘွဲ့များမှာ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ ဖြစ်ပြီး၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းအချို့ကိုလည်း တက်ရောက်သင်ကြားနိုင်သည်။[၁]
ကိုးကား
|
Portal di Ensiklopedia Dunia