ဘားအံပညာရေးဒီဂရီကောလိပ်
ဘားအံပညာရေးဒီဂရီကောလိပ် (အင်္ဂလိပ်: Hpa-an Education Degree College; HEC [၁][၂])သည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ ဘားအံ-အိန္ဒုကားလမ်းမကြီး[၂]၌ တည်ရှိကာ၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။ ၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ဘားအံပညာရေးကောလိပ်လည်း ပါဝင်သည်။ ယခင် ၂ နှစ်တက် ဒီပလိုမာရသော သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[၃] အုပ်ချုပ်ရေးကျောင်းအုပ်မှာ ဒေါ်ခင်မူမြင့် ဖြစ်သည်။[၃] ၂၁ ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာလက်မှတ် အပ်နှင်းပွဲအခမ်းအနား၌ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ သင်တန်း သိပ္ပံကျောင်းသား ၂၁၀ ဦး၊ ဝိဇ္ဇာကျောင်းသား ၁၄၆ ဦး ၊ စုစုပေါင်း ၃၅၆ ဦး ဘွဲ့ရသည်။[၃] ဇန်နဝါရီ ၂၇၊ ၂၀၂၀ တွင် ဆေးလိပ်ငွေ့ကင်းစင် ကောလိပ်ဖြစ်ကြောင်း ကြေညာသည်။ [၄] ဘွဲ့နှင်းသဘင်
ကိုးကား
|
Portal di Ensiklopedia Dunia